သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟွန်ဒူးရပ် အာဏာသိမ်း အစိုးရကို အမေရိကန် လက်မခံ


အမေရိက အလယ်ပိုင်း ဟွန်ဒူးရပ်နိုင်ငံမှာ စစ်တပ်က ဖြုတ်ချတာကို ခံလိုက်ရတဲ့ သမ္မတ မန်ညူရယ် ဇလေးယား ဟာ အခြေခံဥပဒေအရ အတည်ပြု ရွေးချယ်ထားတဲ့ တဦးတည်းသော သမ္မတ ဖြစ်တယ်လို့ အမေရိကန် က ပြောကြား လိုက်ပါတယ်။ ဟွန်ဒူးရပ် လွှတ်တော်က ယာယီ သမ္မတလို့ ပြောဆိုတာကို တုန့်ပြန်တဲ့အနေနဲ့ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ စစ်တပ်က ဖြုတ်ချတာကို ခံလိုက်ရတဲ့ သမ္မတ ဟောင်း သမ္မတ ဇလေးယား နေရာမှာ လွှတ်တော်အမတ်တွေက ရောဘတ်တို မစ်ချဲလက်တီး ကို အစားထိုးလိုက်ပါတယ်။

ရာထူးကနေ ဖြုတ်ချတာကို ခံလိုက်ရတဲ့ သမ္မတ ဇလေးယား က သူ့အနေနဲ့ အစိုးရသစ် အစားထိုးတာကို လက်မခံနိုင်ကြောင်း သူ့ရဲ့ သမ္မတ သက်တမ်းကို အပြည့်အ၀ တာဝန်ထမ်းဆောင်သွားမယ်လို့ ဂတိပြု ပြောကြားလိုက်ပြီး သူ့ဟာ ပြန်ပေးဆွဲခံရတာ ဖြစ်ပြီး စစ်တပ်ရဲ့ အာဏာသိမ်းခံလိုက်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။ စစ်တပ်က သူ့ကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး ကိုစတာရီကာ နိုင်ငံကို ပို့ဆောင်လိုက်ပါတယ်။ အဲဒီနေ့မှာ သူဟာ သမ္မတ သက်တမ်း နောက်တကြိမ် ဝင် အရွေးခံနိုင်အောင် ဖွဲ့စည်းပုံ အခြေခံကို ပြင်ဆင်ဖို့အတွက် လူထုဆန္ဒ ခံယူပွဲကို လုပ်ဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG