မြန်မာနိုင်ငံမှာ A အမျိုးအစား H1N1 ဝက်တုပ်ကွေးရောဂါကူးစက်နေသူ တဦး ရှိနေပြီလို့မြန်မာအစိုးရက ကြေငြာပါတယ်၊ စင်ကာပူနိုင်ငံ ကနေ ဇွန်လ ၂၆ ရက်မှာပြန်ရောက်လာတဲ့ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတယောက်ဆီမှာ ရောဂါကူးစက်နေတာကို တွေ့ရှိတယ်လို့ အစိုးရထုတ် သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်၊ ဒီကလေးကနေတဆင့် ကူးစက်နိုင်ချေရှိတဲ့ မိသားစုဝင်တွေ၊ လေယာဉ်အတူစီး ခရီးသည်တွေ၊ လေဆိပ်ဝန်ထမ်းတွေနဲ ့ ကလေးရဲ့ အတန်းဖော်တွေကိုလဲ ကျန်းမာရေးဌာနက စောင့်ကြည့်နေပါတယ်။
တုပ်ကွေးမိနေတဲ ့ ကလေးနဲ့အတူ လေယာဉ်စီးလာတဲ့ခရီးသည်တွေထဲမှာ စစ်ကိုင်းတိုင်း ဒီပဲယင်းမြိ ု့နယ် စိုင်ပြင်ရွာက ကျောင်းသားတယောက်လဲ ပါပါတယ်၊ ဒါကြောင့်သူ့မိသားစုအနေနဲ့ စောင့်ကြည် ့ကာကွယ်နိုင်အောင် ဒီပဲယင်းမြိ့နယ် ကျန်းမာရေးဌာနကနေ တုပ်ကွေးရောဂါနဲ့ပတ်သက်တဲ ့ အချက်အလက်တွေကို အသိပေးထားတယ်လို့အမည်မဖော်လိုတဲ့ ဆရာဝန်တဦးက VOA မြန်မာပိုင်း ကိုပြောပါတယ်။
မုံရွာအပါအဝင် ဆေးရုံကြီးတွေမှာ တုပ်ကွေးတိုက်ဖျက်ဆေး Tamiflu ဆေးဝါးတွေလဲ ရှိနေပြီး ပြည်သူ့ ကျန်းမာရေးဓါတ်ခွဲခန်းက အတည်ပြ ုတဲ့ လူနာတွေကို ကုသပေးဖို့အဆင်သင့်ရှိပါတယ်လို ့ အဲဒီဆရာဝန်က ပြောပြပါတယ်။
H1N1 အမျိုးအစား ဝက်တုပ်ကွေးရောဂါဟာ ကမ္ဘာ့ နိုင်ငံပေါင်း ၇၄ နိုင်ငံက လူပေါင်း သုံးသောင်းနီးပါးမှာ ကူးစက် ဖြစ်ပွားနေတယ်လို့အတည်ပြ ုပြီးတဲ့နောက်၊ ဒီရောဂါကို ကမ္ဘာ တဝန်း ပျံ ့နှံ လာတဲ့ ကူးစက် ကပ်ရောဂါလို့ WHO ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက ဇွန် လဆန်းက စပြီး သတ်မှတ်ခဲ့ပါတယ်၊