ဇွန်လ ၂၅ ရက် ၂၀၀၉ ခုနှစ်မှာ ကမ္ဘာကျော် ပေါ့ပ် အဆိုတော် မိုက်ကယ် ဂျက်ဆင် (Michael Jackson) ဟာ အသက် (၅၀) နှစ်အရွယ်မှာ နှလုံးဝေဒနာနဲ့ ရုတ်တရက် ကွယ်လွန်အနိစ္စရောက်ခဲ့ရပါတယ်။ King of Pop လို့ လူသိများတဲ့ မိုက်ကယ်ဂျက်ဆင် အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပွဲများ၊ ဆုတောင်းပွဲများကို သူ့ချစ်ပရိသတ်များက ကမ္ဘာအနှံမှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။