သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တပ်တွေ အီရတ်မြို့ပြတွေပေါ် ရုပ်သိမ်း


အီရတ်နိုင်ငံက မြို့ပြဒေသတွေမှာ ရှိနေတဲ့ အမေရိကန်တပ်တွေကို တနင်္လာနေ့တုန်းက ရုပ်သိမ်းခဲ့ပြီးနောက် ဒီနေ့ အင်္ဂါနေ့ မနက်ကစပြီး ဘဂ္ဂဒက်မြို့တော်နဲ့ အီရတ်နိုင်ငံ တဝန်းက တခြားမြို့တွေရဲ့ ထိန်းချုပ်မှုတွေကို အီရတ်တပ်တွေက တရားဝင် လွှဲပြောင်းယူမှုတွေ စတင်နေပါပြီ။

အီရတ်နဲ့ အမေရိကန်တွေရဲ့ ပူးတွဲစစ်ဌာနချုပ်အဖြစ် အသုံးပြုခဲ့တဲ့ အရင် ကာကွယ်ရေးဌာန အဆောက်အဦး အဟောင်းရဲ့ သော့တွေကို ဘဂ္ဂဒက်က အမေရိကန် တပ်မှူးကြီး ဗိုလ်ချုပ်ကြီး ဒန်နီယယ် ဘိုလာဂါက အီရတ်တပ်မှူးကြီးဆီကို တနင်္လာနေ့က ပြုလုပ်တဲ့ အခမ်းအနားတခုမှာ လက်လွှဲ ပေးအပ်ခဲ့ပါတယ်။

ဒီနေ့ဟာ အီရတ်နိုင်ငံ အချုပ်အခြာအာဏာ ပိုင်ဆိုင်တဲ့နေ့အဖြစ် အီရတ်အစိုးရက ကြေညာထားတာနဲ့အတူ အီရတ်ပြည်သူတွေဟာ ပျော်ပွဲရွှင်ပွဲတွေကို ဆင်နွှဲနေကြပါတယ်။ ဘဂ္ဂဒက်မြို့တော်ထဲက ပန်းခြံတွေ၊ မော်တော်ကားတွေမှာ အီရတ်အလံတွေ၊ ဖဲကြိုးတွေစည်းပြီး ကြိုဆိုနေကြသလို ဒီယာလာနဲ့ ဒီဝါနီယာ ခရိုင်တွေမှာ စစ်ရေးပြ အခမ်းအနားတွေ၊ အတီးအမှုတ် ဖျော်ဖြေပွဲတွေကိုလည်း ပြုလုပ်ဖို့ အစီအစဉ် ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG