သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆေးမတိုးတဲ့ ဝက်တုတ်ကွေးရောဂါပိုးသစ် တွေ့ရှိ


A အမျိုးအစား H1N1 တုပ်ကွေး ဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှု မဖြစ်အောင် သုံးနေတဲ့ အဓိက ရောဂါတိုက်ဖျက်ဆေး ၂ မျိုးထဲက တမျိုးဟာ ဆေးမတိုးတော့ဘူး ဆိုတာကို သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။

ဝက်တုပ်ကွေးဖြစ်တဲ့ ဒိန်းမတ်လူမျိုး တယောက်ဆီမှာ ရောဂါတိုက်ဖျက်ဆေး တာမီဖလူး (Tamiflu) ဆေး မတိုးတဲ့ ဗိုင်းရပ်စ်မျိုးစိတ်ကို တွေ့ရတယ်လို့ ဒိန်းမတ် တာဝန်ရှိသူတွေနဲ့ အမေရိကန် ရောဂါထိန်းချုပ် ကာကွယ်ရေးဌာနက တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါပေမယ့် အဲဒီလူနာကတော့ ပြန်ပြီး နေကောင်းလာပြီလို့လည်း ပြောပါတယ်။ အဲဒီလို ဗိုင်းရပ်စ်မျိုးစိတ်သစ် တွေ့ရတာ ဒါ ပထမဆုံးပဲလို့လည်း ပြောပါတယ်။ ဒါပေမယ့် တုပ်ကွေး ဗိုင်းရပ်စ်တွေဟာ မကြာခဏ မျိုးဗီဇ အသွင်ပြောင်းနေပြီး ဆေးယဉ်တဲ့ ဗိုင်းရပ်စ်တွေ မကြာခင် ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးနေပါတယ်။

တာမီဖလူး ဆေးထုတ်လုပ်တဲ့ ဆေးကုမ္ပဏီ တာဝန်ရှိသူတွေကတော့ ဆေးမတိုးတဲ့အဖြစ်ဟာ တုပ်ကွေးရောဂါတွေထဲက ၁% ရဲ့ ထက်ဝက်ပဲ ရှိပါတယ်လို့ ပြောပါတယ်။

ကမ္ဘာတဝန်းမှာ ဝက်တုပ်ကွေးလို့ အတည်ပြုနိုင်တဲ့ ရောဂါဖြစ်မှုပေါင်း ၇၀,၀၀၀ ကျော် ရှိနေပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တနင်္လာနေ့ အစောပိုင်းမှာ ပြောပါတယ်။

ဝက်တုပ်ကွေးကြောင့် သေဆုံးသူပေါင်းကလည်း ၃၀၀ ကျော်သွားပါပြီ။ မြန်မာနိုင်ငံမှာလည်း A အမျိုးအစား H1N1 ဝက်တုပ်ကွေးရောဂါ ကူးစက်နေသူ တယောက်ရှိနေပြီလို့ မြန်မာအစိုးရက တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG