သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုးတ၀က်အိပ်ခြင်း အိပ်မက်နဲ့ ဖန်တီးဥာဏ်စွမ်းရည်


ဇွန် ၂၄၊ ၂၀၀၉။ Rapid Eye Movement Sleep ကို နိုးတ၀က်အိပ်ပျော်ချိန်လို့ ဆိုချင်ပါတယ်။ ခန္ဓာကိုယ် လှုပ်ရှားမှုတွေ အနားယူပြီး ခန္ဓာကိုယ်က နှစ်နှစ်ခြိုက်ခြိုက်အနားယူနေချိန် ဦးနှောက်ထဲ နြူထရွန်တွေကတော့ ပုံမှန်လှုပ်ရှားပြီး ဦးနှောက်အတွင်း အလုပ်လုပ်နေဆဲ အိပ်ချိန်ကာလဖြစ်ပါတယ်။ ဒီအချိန်မှာ ကမ္ဘာကျော်သွားနိုင်တဲ့ အတွေးအခေါ် အနုပညာတွေ ပေါ်လာနိုင်တယ်ဆိုတာ သတိပြုမိသူတွေရှိကြပါတယ်။

၁၈ရာစု အင်္ဂလိပ်စာဆို ကဗျာဆရာ အတွေးအခေါ်ပညာရှင် Samuel Coleridge ဟာ သူ့ကိုယ်ပိုင် စာရေးခုံပေါ်မှာ တညနေ အိပ်မောကျပြီး နိုးလာတဲ့အချိန် ကမ္ဘာကျော် Xanadu - Kubla Khan ကဗျာ ရလာတယ်လို့ အဆိုရှိပါတယ်။ အင်္ဂလန် အဆိုတော် သီချင်းရေးဆရာ Paul McCartney ဟာ အိပ်မက်ထဲကနေ နာမည်ကျော် Yesterday သီချင်း သံစဉ် ရခဲ့ပါတယ်။ ဒီလို အနုပညာမျိုးတွေကို အိပ်မက်တွေကနေ ဘယ်လိုများ ရရှိခဲ့သလဲ၊ သုတေသီတွေရဲ့ စူးစမ်းချက်ကို အခုအပတ်ကျန်းမာရေးအစီအစဉ်မှာ တင်ဆက်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG