သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂမ်ဘာရီခရီးစဉ်က ဘာတွေမျှော်လင့်နိုင်မလဲ


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဘရာဟမ် ဂမ်ဘာရီရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကနေ ဘာတွေ မျှော်လင့် ထားနိုင်ပါသလဲ။ ဒီတခေါက် သူ့ရဲ့ခရီးစဉ်ဟာ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ ခရီးစဉ်အတွက် ကြိုတင် စီစဉ်ဖို့ သွားရောက်ခြင်းဖြစ်တယ်ဆိုပါတယ်။ သူဟာ မြန်မာနိုင်ငံမှာ ၂ ရက်ပဲ နေပြီးတော့ စစ်အစိုးရနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနဲ့ပဲ တွေ့ပြီး ပြန်သွားခဲ့ပါတယ်။ သူ့ခရီးစဉ်ရဲ့ ချက်ချင်း အကျိုးဆက်ကိုတော့ မမျှော်လင့် နိုင်ပါဘူး။ ဒါပေမယ့် မစ္စတာ ဘန်ကီမွန်း မြန်မာပြည်ကို သွားရင်ကော ကုလသမဂ္ဂ ဘာတတ်နိုင်မလဲ ဆိုတာကို ဆွေးနွေးဖို့ အတွက် မိုးကုတ်မြို့နယ်က NLD လွှတ်တော်အမတ် ဦးဘိုလှတင့်၊ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေး စောင့်ကြည့် လေ့လာသူ ဒေါက်တာ ဒေါ်လှကျော်ဇော တို့နဲ့ ဦးကျော်ဇံသာက ပရိတ်သတ်တွေကို တွေ့ဆုံပေးထား ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG