သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာခရီးစဉ် ကုလအတွင်းရေးမှုးချုပ် စိတ်ပျက်


ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်မရတဲ့အတွက် အလွန်တရာ စိတ်ပျက်မိတဲ့အကြောင်း အတွင်းရေးမှုးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ပြောပါတယ်။ စစ်အစိုးရအနေနဲ့ နိုင်ငံရေးအပြောင်းအလဲတွေ အမှန်တကယ် ဆောင်ရွက်လိုတယ်ဆိုတာ သက်သေပြဖို့ အခွင့်အလမ်းကောင်းတွေ ဆုံးရှုံးတာပဲလို့ အတွင်းရေးမှုးချုပ်က ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့စိုးရိမ်မှုတွေကို သူ့အနေနဲ့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေကို တိုက်ရိုက်ပဲ ပွင့်ပွင့်လင်းလင်း ပြောနိုင်ခဲ့တယ်လို့ မစ္စတာဘန်က သတင်းထောက်တွေကို ပြောပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်မရတဲ့အပေါ် မူတည်ပြီး သူ့ခရီးစဉ် အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာ တိုင်းတာလို့တော့မရဘူးလို့ ပြောပါတယ်။

မစ္စတာဘန်ကီမွန်းဟာ မြန်မာစစ်ခေါင်းဆောင်တွေကို နိုင်ငံရေးအပြောင်းအလဲအတွက် အကြံပြုတိုက်တွန်းမှုတွေလည်း လုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်နဲ့ လူ့အခွင့်အရေးမထွန်းကားပဲ ငြိမ်းချမ်းမှုနဲ့ ဖွံဖြိုးတိုးတက်ရေး မဖြစ်နိုင်ဘူးဆိုတာကိုလည်း စစ်ခေါင်းဆောင်တွေကို ထောက်ပြခဲ့တယ်လို့ ပြောပါတယ်။

မစ္စတာဘန်ကီမွန်းဟာ မြန်မာနိုင်ငံအထွက် လေဆိပ်မှာသတင်းထောက်တွေကို သူ့ခရီးစဉ်အကြောင်းရှင်းပြသလို၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏဘူမိ (Suvarnabhumi) နိုင်ငံတကာလေဆိပ်မှာလည်း သတင်းစာရှင်းလင်းပွဲတရပ် လုပ်သွားတာပါ။ သတင်းစာရှင်းလင်းပွဲမတိုင်ခင်မှာတော့ ထိုင်းဝန်ကြီးချုပ် အဘီစစ်ဝိချာချီ၀ (Abhisit Vejjajiva) နဲ့ တွေ့ဆုံပြီး မြန်မာခရီးစဉ်အကြောင်း ရှင်းပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG