၆-၇-၂၀၀၉
တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ဂျန်း (Xinjiang) ဒေသမှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းမှာ လူ ၁၄၀ သေဆုံးတယ်လို့ တရုတ် အာဏာပိုင်တွေက ပြောပါတယ်။ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တဲ့ အူရမ်ကီ (Urumqi) မြို့ အဓိကရုဏ်းမှာ လူ ၈၀၀ ကျော် ထိခိုက် ဒဏ်ရာရတယ်လို့ ဒေသအာဏာပိုင်တွေက ဆင်ဟွာသတင်းဌာနကို ပြောတာဖြစ်ပါတယ်။
သတင်းတွေကတော့ လူ ရာနဲ့ချီပြီး အဖမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ လူအများစုဖြစ်တဲ့ ဟန်မျိုးနွယ်တွေက သူတို့အပေါ် မတရားသဖြင့် ဆက်ဆံတာကို ဆန့်ကျင်တဲ့အနေနဲ့ ၀ီဂါမျိုးနွယ် (Uighur) တထောင်ကျော်က ဆန္ဒပြခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ၀ီဂါတွေ အများစုဟာ မူစလင်တွေ ဖြစ်ပါတယ်။
မနေ့ကဖြစ်ခဲ့တဲ့ အကြမ်းဖက် အဓိကရုဏ်းအတွက် ၀ီဂါတွေကို အဓိကရုဏ်းဖြစ်အောင် သွေးထိုးလှုံ့ဆော်တဲ့ နိုင်ငံခြားသားတွေ လို့ ခေါ်ဝေါ်ပြီး အပြစ်တင်တယ်လို့ ရှင်ဂျန်းအာဏာပိုင်တွေကို ကိုးကားပြီး ဆင်ဟွာသတင်းဌာနက ပြောပါတယ်။