သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံ ရှင်ဂျန်းပြည်နယ် မငြိမ်သက်မှု အမေရိကန်စိုးရိမ်


တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ဂျန်းပြည်နယ်မှာ လူတွေသေဆုံးတဲ့အထိ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ အထူးပဲစိုးရိမ်မိတယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြောကြားလိုက်ပါတယ်၊ ဒီလိုလုပ်ရပ်တွေကို ရပ်တန့်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။ ဘာကြောင့် အခုလို အဓိကရုဏ်းဖြစ်တယ်ဆိုတာ သေသေချာချာမသိရသေးဘူးလို့ ရုရှားနိုင်ငံ မော်စကိုမြို့ကိုရောက်နေတဲ့ အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် Robert Gibbs က ပြောကြားလိုက်ပြီး၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး နောက်ထပ် တစုံတရာ ပြောဆိုဖို့ ငြင်းဆိုသွားခဲ့ပါတယ်။

ရှင်ဂျန်းပြည်နယ်က ရဲတွေနဲ့ ဝီဂါလူမျိုးတွေကြားမှာဖြစ်ခဲ့တဲ့ အဓိကရုဏ်းမှာ အနည်းဆုံး လူ ၁၅၆ ယောက်သေဆုံးခဲ့ပြီး ၈၀၀ လောက် ဒဏ်ရာရသွားခဲ့တယ်လို့ တရုတ် အာဏာပိုင်တွေက ပြောပါတယ်။ တနင်္ဂနွေနေ့မှာ ဝီဂါလူမျိုးတွေ တရုတ်အစိုးရကို ငြိမ်းချမ်းစွားနဲ့ ဆန္ဒပြခဲ့တာကနေ အခုလို အကြမ်းဖက်တိုက်ခိုက်တာတွေဖြစ်လာတာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းစွာဆန္ဒပြတာကနေ ဘာကြောင့်လို့ အကြမ်းဖက်မှုတွေ ဖြစ်လာလဲဆိုတာကို ဘယ်သူမှ သေချာမသိကြသေးပါဘူး။ ဒါပေမယ့် ပြင်ပမှာရှိနေတဲ့ ဝီဂါလူမျိုးတွေက အဓိကရုဏ်းတွေဖြစ်လာအောင်လှုံ့ဆော်ပေးခဲ့တယ်လို့ တရုတ်အစိုးရက စွပ်စွဲပြောဆိုလိုက်ပါတယ်။ ပြင်ပမှာ ရှိတဲ့ ဝီဂါအဖွဲ့တွေကတော့ ဒါကို ငြင်းဆန်လိုက်ပါတယ်။ ဟန်လူမျိုးတရုတ်တွေက မွတ်စလင်တွေဖြစ်တဲ့ ဝီဂါတွေကို အလွန်အကျွံ ထိန်းချုပ်တာတွေကြောင့် အခုလို အကြမ်းဖက်တာတွေ ဖြစ်လာတာလို့ ပြောပါတယ်။

ဟန်မျိုးနွယ်တွေဟာ တရုတ်နိုင်ငံမှာ လူများစုဖြစ်ပြီးတော့ ဘေဂျင်းမှာရှိတဲ့တရုတ်အစိုးရနဲ့ တခြားဒေသဆိုင်ရာအစိုးရတွေမှာ ပါဝင်ပတ်သက်နေကြသူအများစုဟာ ဟန်လူမျိုးတွေဖြစ်ကြပါတယ်။ ရှင်ဂျန်းမှာဖြစ်ခဲ့တဲ့ သေဆုံးမှုတွေမှာ ဝီဂါဘက်က ဘယ်လောက်သေတယ်ဆိုတာရော၊ ဟန်လူမျိုးတွေ ဘယ်လောက်သေတယ်ဆိုတာကိုပါ မသိဘူးလို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။ ဒါပေမယ့် ဟန်လူမျိုး အများစု ဒဏ်ရာရသွားတာကို တွေ့တယ်လို့ မျက်မျက်သက်သေတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG