သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ ရုရှား တပြေးညီ ဦးတည်ချက်တွေ အိုဘားမား ချပြ

အမေရိကန်ပြည်ထောင်စုနဲ့ ရုရှားနိုင်ငံတို့ဟာ နျူကလီးယားလက်နက် မပြန့်ပွားရေးနဲ့ အစွန်းရောက် အကြမ်းဖက်မှု တိုက်ဖျက်ရေး အပါအဝင် ဘုံအကျိုးစီးပွား အတော်များများအတွက် တာဝန်ကိုယ်စီ ရှိကြတယ်လို့ သမ္မတ အိုဘားမားက ပြောဆိုလိုက်ပါတယ်။

နျူကလီးယားလက်နက် ပြန့်ပွားနေတာဟာ ၂၁ ရာစုရဲ့ နျူကလီးယားပြဿနာ စိန်ခေါ်မှုတွေရဲ့ အမြုတေဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောဆိုလိုက်တာပါ။ ရုရှားနိုင်ငံ မော်စကိုရှိ New Economic တက္ကသိုလ်က ဘွဲ့ရ ကျောင်းသူကျောင်းသားတွေကို သမ္မတ အိုဘားမားက မိန့်ခွန်းပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ ရုရှားနိုင်ငံတို့ ပိုင်ဆိုင်ကြတဲ့ နျူကလီးယားလက်နက်တွေ၊ သယ်ယူပို့ဆောင်ရေးယာဉ်တွေ လျှော့ချရေးအတွက် နှစ်ဘက် သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့တာကိုလည်း သမ္မတ အိုဘားမားက ဇောင်းပေးပြောဆိုလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ ရုရှားနိုင်ငံကို ခိုင်မာတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ နိုင်ငံအဖြစ် တွေ့မြင်လိုတဲ့ဆန္ဒရှိကြောင်း၊ ရုရှားနဲ့ ဆက်ဆံရေးကို အသစ်တဖန် ပြန်ဆန်းသစ်ဖို့ဆိုတဲ့ သူ့ရဲ့ရည်မှန်းချက်ကိုလည်း ထပ်လောင်း အတည်ပြုလိုက်ပါတယ်။

အီရန်နဲ့ မြောက်ကိုရီးယားက နျူကလီးယားလက်နက်တွေ ထုတ်လုပ်ဖို့ ကြိုးပမ်းနေတာကို ဆန့်ကျင်ကြဖို့အတွက် နှစ်နိုင်ငံစလုံးအနေနဲ့ စည်းစည်းလုံးလုံးနဲ့ ရပ်တည်သင့်ကြကြောင်း၊ ဥရောပမှာ အမေရိကန်ရဲ့ ဒုံးလက်နက် ကာကွယ်ရေးစနစ် တပ်ဆင်ရေးဟာ အီရန်က တိုက်ခိုက်လာနိုင်တဲ့ အလားအလာကို ကာကွယ်ဖို့အတွက်သာဖြစ်ကြောင်း၊ အာဖဂန်နဲ့ ပါကစ္စတန်နိုင်ငံမှာ တာလီဘန်တွေ အုပ်ချုပ်မှာကို အမေရိကန် ပြည်ထောင်စုကရော ရုရှားနိုင်ငံကပါ မတွေ့မြင်လိုကြဘူးလို့လည်း သမ္မတ အိုဘားမားက ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG