သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံ ရှင်ဂျန်းပြည်နယ် မငြိမ်သက်မှု


လူပေါင်းရာကျော်သေဆုံးပြီး အဓိကရုဏ်းတွေ ဖြစ်ပွားနေတဲ့ ရှင်ဂျန်း(Xinjiang) ပြည်နယ်မှာ တရုတ် အာဏာပိုင်တွေက အစိုးရက ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။ လူများစု ဟန် (Han) လူမျိုးတရုတ်တွေက လူနည်းစု မွတ်စလင်တွေဖြစ်တဲ့ ဝီဂါ (Uighurs) တွေကို အလွန်အကျွံ ထိန်းချုပ်တာတွေကြောင့် အခုလို အကြမ်းဖက်တာတွေ ဖြစ်လာတာလို့ ပြောပါတယ်။

အဓိကရုဏ်းအတွင်း သူတို့မိသားစုဝင်များ မတရားအဖမ်းခံရတယ်ဆိုကာ ဝီဂါလူမျိုးထောင်ပေါင်းများစွာ ကန့်ကွက်ဆန္ဒပြကြရာ အစိုးရရဲများက ဝီဂါ ၂၀၀ လောက်ကို ဖမ်းဆီးနှိပ်ကွပ်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ရာဂဏန်းနဲ့ချီရှိတဲ့ ဟန်တရုတ်တွေက တုတ်တွေ၊ ဓားတွေ၊ ဓားမြှောင်တွေ စတဲ့လက်နက်များ ကိုင်ဆောင်ပြီး လမ်းများပေါ် ထွက်လာကြလို့ ရဲက မျက်ရည်ယိုဗုံးများသုံးကာ လူစုခွဲရပါတယ်။ ဝီဂါတွေပိုင်တဲ့ ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေကို ဟန်တရုတ်တွေက ဖျက်ဆီးပစ်လိုက်ပါတယ်။

တရုတ်အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းမှုကို ပြင်ပရောက် ဝီဂါ အတိုက်အခံများက ရှုတ်ချပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG