သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူနန်ငလျင် အိမ် ၁၀,၀၀၀ ကျော်ပြိုကျ


မြန်မာနိုင်ငံနဲ့ ကပ်နေတဲ့ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ကြာသပတေးနေ့က ပြင်းထန်တဲ့ မြေငလျင် လှုပ်ခတ်ခဲ့လို့ လူ ၃၀၀ ကျော် ဒဏ်ရာရသွားပါတယ်။

တရုတ်-မြန်မာနယ်စပ် ယူနန်ပြည်နယ်မှာ ၆.၀ ရစ်ချ်တာစကေးနဲ့ လှုပ်ခတ်သွားတဲ့ မြေငလျင်ကြောင့် အိမ်ပေါင်း ၁၀,၀၀၀ လောက် ပျက်စီးသွားတယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။ နောက်ဆက်တွဲ ငလျင်ငယ်လေးတွေလည်း လှုပ်ခတ်ခဲ့တယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

ကူမင်း (Kunming)၊ ရှူဂျောင်း (Chuxiong)၊ လီရှန်း (Lijiang)၊ ဒလီဘိုင် (Dali Bai) စတဲ့မြို့တွေအထိ ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ကြရပါတယ်။

ပြည်နယ်အစိုးရက ငလျင်ဒဏ်ခံခဲ့ရတဲ့ ဒေသဆီကို ယာယီတဲပေါင်း ၄,၅၀၀ နဲ့ ခြုံစောင်ပေါင်း ၃,၀၀၀ ပေးပို့ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG