သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်မှာ မငြိမ်မသက် ပြန်ဖြစ်


အီရန်နိုင်ငံမှာ အစိုးရက ဆန္ဒပြပွဲတွေ မပြုလုပ်ရဘူးလို့ သတိပေးထားပေမယ့် အီရန်အရေး လှုပ်ရှားသူတွေက အာခံပြီး ဆန္ဒပြဖို့ ကြိုးစားလို့ တီဟီရန်မြို့တော်မှာ ကြာသပတေးနေ့က ရဲနဲ့ ဆန္ဒပြသူတွေအကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ အီရန် ရုပ်မြင်သံကြားဌာနမှာ ကြေညာသွားပါတယ်။

ကျောင်းသားထုအုံကြွမှုရဲ့ ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် တီဟီရန် တက္ကသိုလ်နားမှာ စုဝေးခဲ့ကြတဲ့ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေ အသုံးပြုပြီး လူစုခွဲတာကို အီရန်အစိုးရရဲ့ ရုပ်မြင်သံကြား သတင်းမှာ ပြောသွားပါတယ်။

အဲဒီနေရာမှာ ဆန္ဒပြသူ ရာပေါင်းများစွာ စုဝေးခဲ့တယ်လို့ အီရန် ရုပ်မြင်သံကြားက ပြောပေမယ့် တခြား သတင်းဌာနတွေကတော့ ဆန္ဒပြသူတွေ ထောင်ပေါင်းများစွာ စုဝေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ရဲတွေက သေနတ်ကို မိုးပေါ်ထောင် ပစ်ဖောက်ပြီး ဆန္ဒပြသူတွေ ရှေ့တိုးမလာအောင် နံပါတ်တုတ်တွေ၊ မျက်ရည်ယိုဗုံးတွေ အသုံးပြုခဲ့ကြတယ်လို့ တီဟီရန်က မျက်မြင်သက်သေတွေက ဆိုပါတယ်။ ဆန္ဒပြသူတွေကတော့ အာဏာရှင် ကျဆုံးပါစေဆိုတဲ့ ကြွေးကြော်သံကို ဟစ်အော်ခဲ့ကြပြီး အမှိုက်ပုံးတွေကိုလည်း မီးရှို့ခဲ့ကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

တချို့ဆန္ဒပြသူတွေကို ရဲက ဖမ်းဆီးခဲ့ပြီး အစိုးရကို ထောက်ခံတဲ့ ဘာဆီ (Basij) ပြည်သူ့စစ် အဖွဲ့ဝင်တွေလည်း လမ်းပေါ်မှာ အင်နဲ့အားနဲ့ ထွက်နေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG