သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမား အာဖရိက ပထမဆုံး ခရီးစဉ်အဖြစ် ဂါနာနိုင်ငံ ရောက်ရှိ


အာဖရိကတိုက်နဲ့ ဖွံ့ဖြိုးဆဲ ကမ္ဘာရဲ့ အနာဂတ် အတွက် ဒီမိုကရေစီရေး အခွင့်အလမ်း၊ ကျန်းမာရေး နဲ့ ပဋိပက္ခ ဖြေရှင်းရေးတို့ အဓိက ကျတယ်လို့ သမ္မတ ဘရက် အိုဘားမားက ဂါနာ ပါလီမန် မှာ စနေနေ့က ပြောဆိုခဲ့ပါတယ်။

အက်ကရာ မြို့ ဂါနာ ပါလီမန်မှာ လွှတ်တော်အမတ်များ တခြား အရေးကြီး ပုဂ္ဂိုလ်များ အား မိန့်ကြားတဲ့ မိန့်ခွန်းထဲမှာ သမ္မတ အိုဘားမားက သူ့အစိုးရရဲ့ အာဖရိကတိုက် ဆိုင်ရာ မူဝါဒ သဘောထားများကို တင်ပြသွားပါတယ်။ ဂါနာ နဲ့ အမေရိကန်နိုင်ငံ တို့ရဲ့ မဟာမိတ်ဖြစ်ရေး အခြေခံ အပြန်အလှန် တာဝန်ယူရလိမ့်မယ်လို့လည်း သမ္မတ အိုဘားမား က ထောက်ပြသွား ပါတယ်။

အာဖရိကတိုက်မှာ ငှက်ဖျားရောဂါ၊ ပိုလီယို ရောဂါ၊ တီဘီ အဆုတ်နာ ရောဂါနဲ့ အေအိုင်ဒီအက်စ် ရောဂါများ တိုက်ဖျက်ရေး အတွက် သူ့အစိုးရက ဒေါ်လာ ၆၃ ဘီလီယံ ပေးသွားမယ်လို့လည်း သမ္မတ အိုဘားမား က ကတိပြု ပြောဆိုသွားပါတယ်။

အာဖရိကတိုက်ရဲ့ အနာဂတ်ဟာ အာဖရိကတိုက်သား များ အပေါ်မှာသာ မူတည်ပါတယ်လို့လည်း သမ္မတ အိုဘားမား က ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG