သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖရိကနိုင်ငံတွေ အုပ်ချုပ်ရေးကောင်းမွန်စေဖို့ သမ္မတအိုဘားမား တိုက်တွန်း


အမေရိကန် ရုရှား ထိပ်သီးအစည်းအဝေး၊ စက်မှုထိပ်သီး ၈ နိုင်ငံ၊ G-8ညီလာခံ၊ ဂါနာနိုင်ငံ စတဲ့ ဥရောပ အာဖရိက ရက်သတ္တပတ် ၁ ပတ် ကြာ ခရီးထွက်ခဲ့တဲ့ အမေရိကန် သမ္မတ အိုးဘားမား မိသားစုဟာ ဒေသစံတော်ချိန် စနေနေ့ည သန်းခေါင်ယံအချိန်မှာ ဝါရှင်တန်ဒီစီမြို့ကို ပြန်လည် ရောက်ရှိလာခဲ့ပါပြီ။

စနေနေ့က ဂါနာနိုင်ငံရဲ့ လွှတ်တော်မှာ သမ္မတ အိုဘားမား ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ အာဖရိကတိုက်မှာ ဖြစ်ပေါ်နေတဲ့ ဆင်းရဲတွင်းနက်မှု၊ အကျင့်ပျက် လာဘ်စားမှုတွေနဲ့ စစ်ပွဲတွေကို ပျောက်ကွယ်ဖို့ လုပ်ရာမှာ အာဖရိက တိုက်သားတွေက ပိုမို တာဝန်ယူဆောင်ရွက်ကြဖို့လိုတယ်လို့ တိုက်တွန်းပြောကြားသွားပါတယ်။

အာဖရိကတိုက်ရဲ့ နေရာအနှံ့အပြားမှာ အစိုးရတွေရဲ့ အုပ်ချုပ်ရေး ကောင်းမွန်မှုတွေ ပျက်ပြားနေတယ်လို့ သမ္မတ အိုဘားမားက ဆိုပါတယ်။ အာဖရိကတိုက်မှာ လက်ဇောင်းထက်တဲ့ အုပ်ချုပ်သူတွေ မလိုအပ်ဘူး။ ခိုင်မာတောင့်တင်းတဲ့ နယ်ပယ်စုံ၊ အခြေခံ အဆောက်အဦတွေ၊ အဖွဲ့အစည်းတွေသာ လိုအပ်တယ်လို့ ဂါနာနိုင်ငံရဲ့ လွှတ်တော်မှာ သမ္မတ အိုးဘားမားက ပြောကြားသွားပါတယ်။

သမိုင်းမှာ တချိန်က လူမည်းတွေကို ထောင်သောင်းချီပြီး အာဖရိကတိုက်ကနေ အမေရိကန်နိုင်ငံကို ကျွန်အဖြစ်တင်ပို့ရာမှာ ဗဟိုဌာနဖြစ်ခဲ့တဲ့ ဂါနာနိုင်ငံကို အခုလို အမေရိကန်ပြည်ထောင်စုရဲ့ အာဖရိက နွယ်ဖွား သမ္မတ အိုဘားမား လာရောက် လည်ပတ်ခဲ့တာကြောင့် တနိုင်ငံလုံး စိတ်လှုပ်ရှားခဲ့ရပါတယ်။

ဆီးရီးယားနိုင်ငံနဲ့ပတ်သက်ပြီးလည်း စိတ်အနှောက်အယှက်ဖြစ်ရတာတွေ ရှိပေမဲ့ အမေရိကန်နဲ့ ဆီးရီးယား နှစ်နိုင်ငံ ဆက်ဆံရေးတွေ တိုးတက်လာဖို့ သူမျှော်လင့်တယ်လို့ သမ္မတ အိုဘားမားက စကိုင်း ရုပ်မြင်သံကြားကို ပြောဆိုပါတယ်။ ဆီးရီးယားဟာ ပြဿနာရဲ့ တော်တော်များများမှာ အပြုသဘောဆောင် လုပ်ရပ်တွေ ပိုမို လုပ်နိုင်တဲ့ အနေအထား ရှိတယ် လို့ ပြောသွားပေမဲ့ ဘယ်ကိစ္စရပ်တွေဆိုတာကိုတော့ သူက ထုတ်ဖော်ပြောကြားသွားခြင်း မရှိပါဘူး။ အမေရိကန်နဲ့ ဆီးရီးယား နှစ်နိုင်ငံ ဆက်ဆံရေးတွေ တိုးတက်လာဖို့ သူ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သမ္မတ အိုဘားမားက ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG