သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လျှို့ဝှက် ထောက်လှမ်းရေး အစီအစဉ်များ ဒုသမ္မတဟောင်း အမိန့်ပေးခဲ့ဟု စွပ်စွဲ


အမေရိကန်သမ္မတဟောင်း George W. Bush လက်ထက်မှာ ထိပ်ပိုင်းက ထောက်လှမ်းရေး အရာရှိကြီးတွေ ထိပ်တန်း လျှို့ဝှက်အစီအစဉ်အချို့ကို လွှတ်တော်ကို အသိပေးဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ အငြင်းပွားစရာ ပြဿနာ အမေရိကန်မှာ ထွက်ပေါ်နေပါတယ်။ အကြမ်းဖက်မှု တန်ပြန်ရေး အစီအစဉ်တခုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို စီအိုင်အေ ထောက်လှမ်းရေးဌာနအနေနဲ့ ထိန်းသိမ်းထားဖို့ ဒုတိယ သမ္မတဟောင်း Dick Cheney က အမိန့်ပေးခဲ့တယ်ဆိုပြီး နယူးယောက် တိုင်းမ် သတင်းစာထဲမှာ ရေးသားဖော်ပြခဲ့ပါတယ်။ သတင်းဆောင်းပါးထဲမှာ သတင်းရရှိတဲ့ ဇစ်မြစ်ကို မြှုပ်ထားသလို၊ ထောက်လှမ်းရေးရဲ့ ဆောင်ရွက်ချက်တွေကို တိတိကျကျ ပြောမထားပါဘူး။

အမေရိကန် ဥပဒေအရ တချို့ ကိစ္စရပ်တွေနဲ့ ပတ်သက်လာရင် ထောက်လှမ်းရေးအနေနဲ့ အရေးပါတဲ့ လွှတ်တော် အမတ် တွေကို ရှင်းလင်းပြောကြားဖို့ တာဝန်ရှိပါတယ်။ အဲဒီ အကြမ်းဖက်မှု တန်ပြန်ရေး အစီအစဉ်နဲ့ ပတ်သက်ပြီး စီအိုင်အေ ညွှန်ကြားရေမှူး လန်နွန်ပန်နတာ(Leon Panetta) က လွှတ်တော်အမတ်တွေကို ပြီးခဲ့တဲ့ လကမှ ပြောပြခဲ့တယ်လို့ ဒီမိုကရက်တစ် စီးနိတ် လွှတ်တော် အမတ် ဒိုင်ယန် ဖိုင်းစတိုင်း (Dianne Feinstein)က အမေရိကန် ရုပ်သံသတင်းတခုမှာ တနင်္ဂနွေနေ့က ပြောပါတယ်။ အဲဒီ အကြမ်းဖက်မှု တန်ပြန်ရေး အစီအစဉ်အကြောင်း ကွန်းဂရက်စ် လွှတ်တော်ကို အသိမပေးရဘူးလို့ မစ္စတာ ချေနီက အမိန့် ထုတ်ထားတယ်လို့လည်း သူက ပြောပါတယ်။ ဒီလို ကိစ္စမျိုး နောက်ထပ် မဖြစ်သင့်ဘူးဆိုတာကို အမတ် ဖိုင်းစတိုင်းက ပြောပါတယ်။ ရီပတ်ဗလစ်ကန် စီးနိတ် အမတ် ဂျွန်ကိုင်းလ်(John Kyl) ကတော့ ကွန်းဂရက်စ် ကို ဒီလိုကိစ္စမျိုး ရှင်းပြသင့်တယ်ဆိုတာကို သူ့အနေနဲ့ သဘောတူပေမဲ့ အကြောင်းအမျိုးစုံနဲ့ ဒုတိယ သမ္မတဟောင်း ချီနီအပေါ် ဒီမိုကရက်တွေ လူသိရှင်ကြား ဝေဖန်ကန့်ကွက်နေတာကိုတော့ သူက ဝေဖန်ခဲ့ပါတယ်။
XS
SM
MD
LG