မြောက်ကိုရီးယား သမ္မတ ကင်ဂျုံအီးလ် (Kim Jong-il) ဟာ ပန်းခရီယကင်ဆာ (Pancreatic Cancer) ရောဂါ ခံစားနေရပြီး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ တော်ကိုရီးယား ယွန်ဟပ် ရုပ်မြင်သံကြား သတင်းဌာန (YTN) က ဒီနေ့ ကြေညာပါတယ်။
YTN ရဲ့ အဆိုအရ ဒီသတင်းဟာ တောင်ကိုရီးယားနဲ့ တရုတ် စုံစမ်းစစ်ဆေးရေး အရာရှိတွေဆီက ရခဲ့တဲ့ သတင်းဖြစ်တယ် လို့ ပါရှိပါတယ်။ ဒါပေမယ့် ဆိုးလ်မြို့မှာရှိတဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနကတော့ ဒီသတင်းကို သူတို့မရဘူးလို့ ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ လျှို့ဝှက်သတင်းတွေကို ဖော်ပြတဲ့ ပုဂ္ဂလိကပိုင် Open Radio ရဲ့ ဌာနမှူး ဟာ တေ-ကျုံး (Hah Tae-kyoung) ကတော့ ဒီသတင်းကို မယုံကြည်ဘူးလို့ ပြောပါတယ်။
ပန်းခရိယကင်ဆာဟာ သေစေနိုင်တဲ့ ရောဂါဖြစ်ပြီး နောက်ဆုံးအဆင့်ကို ရောက်မှပဲ ရှာဖွေဖော်ထုတ်လို့ ရနိုင်တဲ့ ရောဂါမျိုး ဖြစ်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။
မစ္စတာကျင်ဂျုံအီးလ်ရဲ့ ကျန်းမာရေး အခြေအနေကို ပြီးခဲ့တဲ့နှစ်တုန်းက လေဖြတ်ဝေဒနာ ခံစားရကြောင်း သတင်းထုတ် ခဲ့ပြီးနောက် စောင့်ကြည့်နေခဲ့ကြတာ ဖြစ်ပါတယ်။