သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာခရီးစဉ် မိတ်ဆွေနိုင်ငံတွေကို ဂမ်ဘာရီ ရှင်းလင်း


မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ ဗြိတိန် နဲ့ အမေရိကန်ပြည်ထောင်စုတို့က တောင်းဆိုနေပါတယ်။

ဇူလိုင်လ ဂ ရက်နေ့ ညနေပိုင်းမှာ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ အတွင်းရေမှုးချုပ်ရဲ့ မြန်မာ့မိတ်ဆွေနိုင်ငံများ အစည်းအဝေး ကျင်းပခဲ့ပါတယ်။ အတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ အတွင်းရေးမှုးချုပ်ရဲ့ အထူးအကြံပေး မစ္စတာ အီဘရာဟင် ဂမ်ဘာရီ (Ibrahim Gambari) က မြန်မာနိုင်ငံခရီးစဉ်အကြောင်းကို ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

အစည်းအဝေးကို တံခါးပိတ် အစည်းအဝေး ကျင်းပတာဖြစ်ပြီး အစည်းအဝေးနဲ့ ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေကို ထုတ်ဖေါ်ပြောဆိုခဲ့တာ မရှိပါဘူး။ ဒီအစည်းအဝေးအပြီး မြန်မာ့အရေးနဲ့ ပတ်သက်လို့ အတွင်းရေးမှုးချုပ်ကိုယ်တိုင် လုံခြုံရေးကောင်စီမှာ တင်ပြတာကို လိုလားတဲ့အကြောင်း ဗြိတိန် နဲ့ အမေရိကန်ပြည်ထောင်စုတို့က ထုတ်ဖေါ်ပြောဆိုခဲ့တာပါ။

ဇူလိုင်လ ပထမပတ်အတွင်း မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း (Ban Ki-moon) ရဲ့ ခရီးစဉ်ဟာ ရလဒ်တစုံတရာ ထွက်ခဲ့တဲ့ ခရီးစဉ် တခု မဟုတ်ဘူးလို့ အမေရိကန်ပြည်ထောင်စုက ရှု့မြင်တဲ့အကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် ပြည်ထောင်စု အမြဲတမ်းကိုယ်စားလှယ်ရုံးက ဗွီအိုအေကို ပြောဆိုပါတယ်။ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေကြားမှာလည်း ကုလသမဂ္ဂ ပါဝင်ဆောင်ရွက်နိုင်တဲ့ အခန်းကဏ္ဍကို မေးခွန်းထုတ်လာနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG