သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမာဒီနီဂျက် အီရန်သမ္မတအဖြစ် ကျမ်းသစ္စာဆိုမည်


အီရန်သမ္မတ မာမွတ် အမာဒီနီဂျက်ဟာ သူ့ရဲ့ ဒုတိယ သမ္မတသက်တမ်း အဖြစ်နဲ့ တာဝန်ထမ်းဆောင်ဖို့ အတွက် သြဂုတ်လ ၂ ရက်ကနေ ၆ ရက်နေ့ အတွင်းမှာ ကျမ်းသစ္စာ ကျိန်ဆိုမှာဖြစ်တယ်လို့ အီရန်အစိုးရပိုင် သတင်းမီဒီယာတွေက ပြောပါတယ်။

ပါလီမန် လက်ထောက် သဘာပတိ မိုဟာမက်ရေဇာ ဘဟိုနား က သမ္မတကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနား နဲ့ပတ်သက်ပြီး အင်္ဂါနေ့မှာ ကြေညာပါတယ်။ အီရန် ဘာသာရေးခေါင်းဆောင် အယာတိုလာ ခါမေနီ က မစ္စတာ အမာဒီနီဂျက် ကို သမ္မတ အဖြစ်နဲ့ အသိအမှတ်ပြုပြီး သူ့ရဲ့ အစိုးရအဖွဲ့ကို ကြေညာပြီးတဲ့နောက်မှာ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို ပြုလုပ်မှာဖြစ်တယ်လို့ သူက ပြောပါတယ်။ အစိုးရသစ်ဟာ သြဂုတ်လ ၂၃ ရက်နေ့မှာ တာဝန်တွေကို စတင်ထမ်းဆောင်သွားနိုင်ဖို့ ဘဟိုနား က မျှော်လင့်နေတယ်လို့ အီရန် Far သတင်းအေဂျင်စီက ပြောပါတယ်။

အီရန်နိုင်ငံ ရွေးကောက်ပွဲမှာ မစ္စတာ အမာဒီနီဂျက် အနိုင်ရသွားတယ်လို့ ကြေညာလိုက်ပြီးတဲ့နောက်မှာ နိုင်ငံတဝှမ်းမှာ ဆန္ဒပြပွဲတွေ ဖြစ်လာခဲ့ပါတယ်။ အတိုက်အခံတွေကတော့ မဲလိမ်မှုတွေ ရှိတယ်လို့ ပြောပါ တယ်။ နောက်ထပ် သတင်းတခုမှာတော့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားခဲ့တဲ့ အတိုက်အခံခေါင်းဆောင် မီယာဟူစိန် မူဆာဗီ ဟာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အတွက် အုပ်စုအဖွဲ့တခု ဖွဲ့ဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ မူဆာဗီ ရဲ့ အထောက်အကူပြုအဖွဲ့တွေ ကတော့ မူူဆာဗီ ရဲ့ အဖွဲ့ဟာ နိုင်ငံရေး တိုးတက် ဖြစ်ထွန်းမှုတွေ နဲ့ပတ်သက်ပြီး စိန်ခေါ်မှုတွေ လုပ်သွားမှာဖြစ်ပြီး၊ ဒီအဖွဲ့ကို မကြာခင်မှာ တည်ထောင်သွားမယ် လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG