သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရ လွှတ်မည့် အကျဉ်းသား နိုင်ငံရေးအကျဉ်းသား တွေဖြစ်ဖို့လို


ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေ က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံခဲ့စဉ် မေတ္တာရပ်ခံခဲ့တဲ့အတိုင်း လူသားချင်း စာနာမှုနဲ့ လူ့အခွင့်အရေး အခြေအနေတွေ အရ မြန်မာနိုင်ငံမှာရှိတဲ့ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ စီစဉ်နေတယ်လို့ ထွက်ဆိုသွားပါတယ်။ အတွင်းရေးမှူးချုပ် အနေနဲ့ ပြန်လွှတ်ပေးဖို့ မေတ္တာရပ်ခံခဲ့တာက အင်းစိန်ထောင်တွင်း အဖမ်းခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့ ဖြစ်ပါတယ်။

အတွင်းရေးမှူးချုပ်ရဲ့ လုံခြုံရေးကောင်စီမှာ တင်ပြချက်တွေအကြောင်း ဗွီဒီယိုကို ရှု့စားနိုင်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG