သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်လေယာဉ်ပျက်ကျ ခရီးသည်အားလုံး သေဆုံး


တဟီရန် မြို့တော်ကနေ အာမေးနီးယန်းနိုင်ငံမြို့တော် ရရေဗန်(Yerevan)ကို ပျံသန်းလာတဲ့ အီရန်-ရုရှား ဖက်စပ် လေကြောင်းလိုင်း ကက်စ်ပီရန် လေကြောင်းခရီးစဉ်အမှတ် ၇၉၀၈ရဲ့ ရုရှားလုပ် TU 154M တူပိုလပ် ခရီးသည်တင်လေယာဉ်ကြီးဟာ အီရန် အနောက်မြောက်ပိုင်း ကွက်စ်ဗေးမြို့အနီးမှာ ၂ပိုင်းကျိုးကျပြီး ပျက်ကျသွားပါတယ်။ လိုက်ပါလာတဲ့ ခရီးသည် ၁၅၃ယောက်နဲ့ လေယာဉ်အမှုထမ်း ၁၅ယောက်တို့ သေဆုံးသွားခဲ့တယ်လို့ အီရန် ရုပ်မြင်သံကြားဌာနက ကြေညာပါတယ်။

ဒီလေယာဉ်ဟာ တဟီရန်မြို့တော်ကနေ ၇၅မိုင်အကွာ ကွက်စ်ဗေးမြို့နားက ဂျနာတာပ ရွာအနီးမှာ ပျက်ကျခဲ့တယ်လို့ ဆိုပါတယ်။ တဟီရန် မြို့တော် အီမန်ခိုမီနီ လေဆိပ်ကနေ ပျံတက်လာပြီး ၁၆မိနစ်အကြာမှာ ပျက်ကျသွားတာဖြစ်တယ်လို့ အီရန် လေကြောင်း ထိန်းသိမ်းရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရီဆာဂျဖာဇာထဲ က အီရန်ရဲ့ ပရက်စ် တီဗွီ ရုပ်မြင်သံကြားဌာနကို ပြောဆိုခဲ့ပါတယ်။ ကက်စ်ပီရန်လေကြောင်းလိုင်းဟာ ၁၉၉၀ခုနှစ်တွေက အီရန်နဲ့ ရုရှား ဖက်စပ် တည်ထောင်ခဲ့တဲ့ လေကြောင်းလိုင်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG