သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အန်ဒဲဗား အကာသယဉ် ပစ်လွှတ်ဖြစ်ပြီ


ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ၅ ကြိမ်အထိ ပစ်လွှတ်ဖို့ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့တဲ့ အမေရိကန်လွန်းပျံယာဉ် အန်ဒါဗာ (Endeavour) ကို အခု နိုင်ငံတကာ အာကာသ စခန်းဆီကို အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့ပြီလို့ အမေရိကန် အာကာသ အေဂျင်စီ NASA က ဆိုပါတယ်။

ဒီ လွန်းပျံယာဉ်ကို အမေရိကန် အရှေ့တောင်ပိုင်းပြည်နယ် Florida မှာရှိတဲ့ Kennedy အာကာသစင်တာ ကနေ ဗုဒ္ဓဟူးနေ့က လွှတ်တင်ခဲ့တာပါ။ ဒီလွန်းပျံယာဉ်ထဲမှာ အာကာသမှူး ၇ ယောက် လိုက်ပါသွားခဲ့ပြီး ဂျပန်လို Kibo၊ ဒါမှမဟုတ် “မျှော်လင့်ချက်” လို့ နာမည်ပေးထားတဲ့ ဂျပန် သိပ္ပံဓါတ်ခွဲခန်း တခုမှာ နောက်ထပ် အစိတ်အပိုင်းတခု ထပ်ပြီး တပ်ဆင်ဖို့ အတွက် အာကာသစခန်းဆီ သူတို့ ထွက်ခွာခဲ့ကြတာဖြစ်ပါတယ်။

သူတို့ဟာ အာကာသပေါ်မှာ သီတင်း ၂ ပတ်ကျော် လမ်းလျှောက်ရမှာ ဖြစ်ပါတယ်။ သူတို့လုပ်ရမယ့် တာဝန်တွေထဲမှာ တခု ကတော့ အာကာသ လဟာပြင်နဲ့ ထိတွေ့ဖို့လိုတဲ့ စမ်းသပ်မှုတွေ လုပ်ဖို့အတွက် ကီဘို ဓာတ်ခွဲခန်း အပြင်ဘက်မှာ ပလက်ဖောင်း တခု လုပ်ဖို့ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG