သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွမ်ဘိုင်း တိုက်ခိုက်မှု တရားခွင် ပါကစ္စတန် စတင်မည်


အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့က မနှစ်က အကြမ်းဖက် တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ အမျိုးသား ၅ ဦးကို ဇူလိုင်လ ၂၅ ရက်နေ့မှာ တရားရုံးတင် စစ်ဆေးမယ်လို့ ပါကစ္စတန် အရာရှိတွေက ပြောသွားပါတယ်။ မွမ်ဘိုင်း တိုက်ခိုက်မှုကြောင့် လူ ၁၆၆ ဦး သေဆုံးခဲ့ရပါတယ်။

အဲဒီလူ ၅ ယောက်နဲ့ ပတ်သက်ပြီး သက်သေ အထောက်အထား အပြည့်အစုံ ရရှိထားပြီး သူတို့ကို တရားဥပဒေနဲ့အညီ အရေးယူဖို့ အာဏာပိုင်တွေ စိတ်ပိုင်းဖြတ်ပြီးသားပါလို့ ၀န်ကြီးချုပ် ယူဆွတ်ဖ် ရာဇာ ဂီလာနီ (Yousuf Raza Gilani) က ပြောသွားပါတယ်။

အခု စွပ်စွဲခံထားရသူတွေထဲမှာ တိုက်ခိုက်မှုကို ဦးဆောင်စီစဉ်သူလို့ ယူဆရတဲ့ ဇာကီ အာ ရာမန် လက်ခ်ဗီ (Zaki-ur-Rehman Lakhvi) လည်း ပါဝင်ပါတယ်။

အရင်တပတ်ကတော့ စုံစမ်းစစ်ဆေးမှုတွေ အလုံးစုံ ပြီးသလောက်ရှိပြီး သက်သေ အထောက်အထားတွေပေါ် မူတည်ပြီး လက်သည်တွေကို အရေးယူ အပြစ်ပေးရတော့မယ်လို့ ပြည်ထဲရေးဝန်ကြီး ရာမန် မာလစ်ခ် (Rehman Malik) က ပြောသွားခဲ့ပါတယ်။

အိန္ဒိယ အစိုးရကတော့ တိုက်ခိုက်မှုတွေကို ပါကစ္စတန်နိုင်ငံမှာ လေ့ကျင့်သင်ကြားပေးတဲ့ စစ်သွေးကြွတွေ လုပ်ဆောင်တာ ဖြစ်တယ်၊ ဒီတိုက်ခိုက်မှုမှာ ပါကစ္စတန် ထောက်လှမ်းရေးလည်း ပါဝင်နေတယ်လို့ အပြစ်တင်ပါတယ်။
ပါကစ္စတန် အစိုးရကလည်း အဲဒီတိုက်ခိုက်မှုကို သူ့ပိုင်နက်ထဲမှာ ကြံစည်ကြတာ ဖြစ်တယ်ဆိုတာတော့ ဟုတ်ကြောင်း ပြောဆိုပြီး ဒီကိစ္စဟာ အစိုးရနဲ့ ဘာမှမဆိုင်ပါဘူးလို့တော့ ငြင်းဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG