သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ အမေရိကန်စစ်သားဗွီဒီယိုခွေ လွှင့်ထုတ်ဝါဒဖြန့်


အာဖဂန်နစ္စတန်မှာ တာလီဘန် စစ်သွေးကြွတွေ ဖမ်းထားတဲ့ အမေရိကန်စစ်သားတယောက်ရဲ့ ဗွီဒီယို ရုပ်ပုံတွေကို ထုတ်လွှင့်ပြသပြီးတော့ ဝါဒဖြန့်တာဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ အမေရိကန် စစ်တပ်က ပြောကြားပြီးတော့ ဒီလုပ်ရပ်ကို ရှုတ်ချလိုက်ပါတယ်။

ဗွီဒီယိုထဲက လူဟာ အာဖဂန်နစ္စတန် အရှေ့ပိုင်း Paktika ပါတီကာ ပြည်နယ်မှာ ဇွန်လ ၃၀ရက်နေ့ကတည်းက ပျောက်ဆုံးနေတဲ့ တပ်သား ဘိုဝီ ဘာ့ဒယ်လ် Bowe Bergdahlဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက အတည်ပြုပြီးတော့ သူ အန္တရာယ်ကင်းကင်းနဲ့ လွတ်မြောက်လာရေးအတွက် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးပါ့မယ်လို့ ပြောပါတယ်။

တာလီဘန် ဝက်ဆိုဒ်ပေါ်မှာတင်ထားတဲ့ ၂၈မိနစ်စာ ဗွီဒီယိုခွေထဲမှာ အဖမ်းခံထားရတဲ့ စစ်သားရဲ့ ကျန်းမာရေး အခြေအနေကောင်းပုံရပါတယ်။ ဗွီဒီယိုထဲမှာ တပ်သား ဘိုဝီ ဘာ့ဒယ်လ်က သူဟာ အိမ်ပြန်မရောက်မှာကို စိုးရိမ် ထိတ်လန့်နေပြီးတော့ ရှေ့တန်းရောက်နေတဲ့ စစ်သားတွေ အိမ်ပြန်နိုင်ရေးကို အမေရိကန် အစိုးရက ဆောင်ရွက်ပေးဖို့ကို ပန်ကြားထားပါတယ်။

သီးခြား သတင်းတခုကတော့ တနင်္ဂနွေနေ့ကပဲ အာဖဂန်နစ္စတန်တောင်ပိုင်းမှာ အရပ်သား ရဟတ်ယာဉ် ပျက်ကျလို့ လူ ၁၆ယောက် သေဆုံးပြီး၊ ၅ယောက် ဒဏ်ရာရသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG