သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ လူ့အခွင့်အရေးအဖွဲ့ ဖွဲ့ရေး ဆွေးနွေးမည်


အာဆီယံ လူ့အခွင့်အရေးအဖွဲ့ ဖွဲ့စည်းရေး မူကြမ်းနဲ့ ပတ်သက်ပြီး အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ ဒီကနေ့ ထိုင်းနိုင်ငံမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဖူးခက်အပန်းဖြေနေရာမှာ နိုင်ငံခြားရေး ဝန်ကြီးတွေက အာဆီယံ ပဋိဉာဉ်နဲ့ အညီ ဖွဲ့စည်းရမယ့် လူ့အခွင့်အရေးအဖွဲ့အတည်ပြုနိုင်ရေးအတွက် ဆွေးနွေးကြမှာဖြစ်ပါတယ်။

အောက်တိုဘာမှာ ပြုလုပ်မယ့် အာဆီယံ နှစ်ပတ်လည် ထိပ်သီး ညီလာခံကျရင် အာဆီယံ လူ့အခွင့်အရေးအဖွဲ့ကို အပြီးသတ် အတည်ပြုမှာ ဖြစ်ပါတယ်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေမှာ လက်တွေ့ဖြစ်နေတဲ့ အခြေအနေတွေကို ထည့်တွက်ပြီး ဒီအဖွဲ့ကို အများ လက်ခံယုံကြည်တဲ့ အဖွဲ့ဖြစ်အောင် လုပ်ရေးဟာ အရေးကြီးတယ်လို့ ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ကဆစ် ပီယွန်းက တနင်္ဂနွေနေ့မှာ ပြောခဲ့ပါတယ်။

လူ့အခွင့်အရေးအဖွဲ့ ဖွဲ့စည်းရေးမူကြမ်းနဲ့ လုပ်ထုံးလုပ်နည်းတွေကို မြန်မာအပါအဝင် အဖွဲ့ဝင်နိုင်ငံတွေက ကန့်ကွက်တာမျိုး မရှိဘူးလို့လည်း နိုင်ငံခြားရေးဝန်ကြီး ကဆစ်ကပြောပါတယ်။ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖေါက်တဲ့ မှတ်တမ်းတွေ အပြင် အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့က လူ့အခွင့်အရေး ဆိုင်ရာထောက်ပြမှုတွေရှိနေတာကြောင့် အာဆီယံကဖွဲ့မယ့် လူ့အခွင့်အရေးအဖွဲ့ အပေါ်မေးခွန်းထုတ်မှုတွေလဲ ရှိနေပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေအပြင် အမေရိကန် ဥရောပသမဂ္ဂနဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီးတွေ ဒီသတင်းပတ် နောက်ပိုင်း တွေ့ဆုံကြတဲ့အခါ လုံခြုံရေးကိစ္စ ရာသီဥတု ပြောင်းလဲရေး ကိစ္စတွေအပါအဝင် ကျယ်ပြန့်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG