သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ကြောင့် ပါရှန်ပင်လယ်ကွေ့ ကာကွယ်ရေး အစီအမံတွေ အမေရိကန် တိုးချဲ့မည်


ဘန်ကောက်က နေးရှင်းတီဗွီနဲ့ အင်တာဗျူးလုပ်တုန်းမှာပဲ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် က အီရန်နိုင်ငံနဲ့ ပတ်သက်ပြီးတော့လည်း ပြောသွားပါတယ်။ တကယ်လို့ အီရန်ဟာ သူတို့ရဲ့ နျူကလီးယား လက်နက်အစီအစဉ်ကို မဖျက်သိမ်းဘူးဆိုရင် အမေရိကန်အစိုးရအနေနဲ့ ပါရှန်ပင်လယ်ကွေ့မှာရှိတဲ့ သူတို့ရဲ့ မဟာမိတ်နိုင်ငံတွေ ကာကွယ်ရေး အတွက် သူတို့နဲ့ ပူးပေါင်းပြီးတော့ တိုးမြှင့်လုပ်ဆောင်သွားဖို့ အဆင်သင့်ပဲလို့ နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်က ပြောသွား ခဲ့ပါတယ်။

တချိန်တည်းမှာပဲ အီရန် အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးဖို့ဆိုတဲ့ တံခါးကိုတော့ ဖွင့်ထားဆဲပဲဖြစ်တယ်လို့ မစ္စစ် ကလင်တန်က ပြောခဲ့ တာပါ။ တကယ်လို့ အမေရိကန်က ပါရှန်ပင်လယ်ကွေ့ဒေသ တခွင်လုံးမှာ ကာကွယ်ရေးစနစ်တွေကို တိုးချဲ့လုပ်ဆောင် ခဲ့မယ်ဆိုရင် အီရန်နိုင်ငံအနေနဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်သည့်တိုင်အောင် ပိုပြီးတော့ လုံခြုံပြီးခိုင်မာတဲ့ နိုင်ငံတခု ဖြစ်လာနိုင်မှာမဟုတ်ဘူးလို့လည်း မစ္စစ် ကလင်တန်က ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG