ဇူလှိုင် ၁၅၊ ၂၀၀၉။ အမေရိကန်ပြည်ထောင်စုအပါအဝင် အနောက်နိုင်ငံတွေမှာ အခု ကာလဟာ ခရီးသွားရာသီဖြစ်ပါတယ်။ ခရီးရှည်တွေ သွားလာရင်းနဲ့ ကျန်းမာရေးထိခိုက်မှုတွေကို ရှောင်ကျဉ်ဖို့နဲ့ လေယဉ်ခရီးရှည် သွားလာရင်း ကျန်းမာရေးဂရုပြုမှုတွေ ဘာလုပ်သင့်သလဲ အခု အပတ်ကျန်းမာရေးအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
အထူးသဖြင့် အခုတလော ကမ္ဘာမှာပြန်နှံလာနေတဲ့ ဝက်တုပ်ကွေးရောဂါဗိုင်းရပ် ကူးစက်မခံရအောင် ဘာတွေ ရှောင်ရန် ဆောင်ရန်လိုအပ်မလဲဆိုတာနဲ့ အခြားလေယဉ်အချိန်ကြာကြာစီးမှုကြောင့် ဖြစ်လာတတ်တဲ့ ကျန်းမာရေးထိခိုက်မှုတွေအကြောင်းကို မအေးသန္တာကျော်နဲ့အတူ ကိုသားညွန့်ဦးက တင်ဆက်ထားပါတယ်။