သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် ဒု သမ္မတ ရာထူးမှ နှုတ်ထွက်


အီရန်က ထင်ရှားတဲ့ ဘာသာရေးခေါင်းဆောင်ရဲ့ တောင်းဆိုမှုနောက်မှာ အီရန်သမ္မတ မာမွတ် အမာဒနီဂျက် ရွေးချယ်ထား တဲ့ ဒု သမ္မတ ဟာ သူ့ရာထူးကနေ နှုတ်ထွက်ခဲ့ရပါတယ်။ အက်ဖန်ဒီယာ ရာဟင်မကရှာအီ ကလည်း သူ့ကိုယ်သူ ဒု သမ္မတ အဖြစ် ဆက်ပြီး မသတ်မှတ်တော့ဘူးလို့ ပြောကြောင်း သမ္မတ အမာဒင်နီဂျက် ရဲ့ ထိပ်တန်း လက်ထောက် မော်စ်တာဗာ ဆန်မာရာဟက်ချ်မီ ရဲ့ စကားကို ကိုးကားပြီးတော့ အီရန်နိုင်ငံပိုင် သတင်းအေဂျင်စီ IRNA က ဖော်ပြပါတယ်။

အီရန်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ အစ္စရေး အပါအဝင် လူတွေအားလုံးရဲ့ မိတ်ဆွေပါလို့ ပြီးခဲ့တဲ့နှစ်က ပြောခဲ့တာကြောင့်မို့လို့ မက်ချာအီ အဝေဖန်ခံခဲ့ရပါတယ်။အီရန်ဟာ ပုံမှန်အားဖြင့် အစ္စရေးကို အသိအမှတ် မပြုပါဘူး။ အီရန်ဘာသာရေး ခေါင်းဆောင် အရာတိုလာ ခါမီနီ က မက်ရှာအီ ကို ရာထူးကနေ ထုတ်ပစ်ဖို့ သမ္မတ အမာဒင်နီဂျက် ကို သောကြာနေ့ အစော ပိုင်းမှာ အမိန့်ပေးခဲ့တယ်လို့ ဆိုပါတယ်။ မက်ရှာအီ က သမ္မတ ရဲ့ စိတ်ဝင်စားမှုနဲ့ အစိုးရရဲ့ စိတ်ဝင်စားမှုတွေကို ဆန့်ကျင် တယ်၊ ဒါဟာ သမ္မတ ကို ထောက်ခံတဲ့သူတွေကြားမှာ စိတ်ဝမ်းကွဲမှုတွေ ဖြစ်လာစေနိုင်တယ်လို့ ဘာသာရေး ခေါင်းဆောင် ခါမီနီ က သမ္မတ အမာဒနီဂျက် ကို ပြောကြားထားတဲ့ စာတစောင်ကို ကိုးကားပြီး အီရန်ရုပ်မြင်သံကြား သတင်း က ဖော်ပြတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG