သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ မြောက်ကိုရီးယား မတက်ရောက်တော့


မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်ဖျက်သိမ်းရေး ဆွေးနွေးပွဲတွေ ပြန်လုပ်ဖို့ မျှော်လင့်ချက်ထားနေတာတွေဟာ ရက်ပေါင်းများစွာအတွင်း ဒုတိယအကြိမ် အဖြစ်နဲ့ ပျက်ပြယ်သွားခဲ့ပြန်ပါပြီ။ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲတွေဟာ အပြီးတိုင် အဆုံးသတ်သွားပြီး ဖြစ်တယ်။ သူ့နိုင်ငံအနေနဲ့ ဒီဆွေးနွေးပွဲ လုပ်ငန်းစဉ်တွေမှာလည်း ဘယ်တော့မှ ပါဝင်တော့မှာ မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားပြီးသား ဖြစ်တယ်ဆိုပြီး မြောက်ကိုရီးုယားနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးက ပြောဆိုလိုက်တာပါ။

ဆွေးနွေးပွဲမှာ ပါဝင်သူတွေထဲက တချို့ဟာ ပေးထားတဲ့ ကတိအတိုင်း ဆောင်ရွက်ခြင်းမရှိပဲ မြောက်ကိုရီးယားအပေါ် လိမ်ညာ လှည့်ဖျားခဲ့တယ်လို့ သံအမတ်ကြီး Sin So Ho က နယူးယောက်ခ်မြို့မှာရှိတဲ့ သူ့ရဲ့ကုလသမဂ္ဂဆိုင်ရာ ရုံးမှာ သတင်းထောက်တွေကို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ နျူကလီးယားဒုံးကျည်ထိပ်ဖူးတွေကို ဖျက်ဆီးပစ်ဖို့၊ နျူကလီးယား ဓာတ်သတ္တုသန့်စင်တဲ့လုပ်ငန်းတွေ စက်ရုံတွေကို ပိတ်ပစ်ဖို့ လုပ်သွားမယ်ဆိုရင် အပြန်အလှန်အနေနဲ့ စီးပွားရေး သံတမန် ရေးအရ အခွင့်အလမ်းတွေ ပေးမယ်ဆိုတဲ့ သဘောတူညီချက်တွေ ရဖို့ ရည်ရွယ် ဆွေးနွေးပွဲတွေ ဒီနှစ်ဆန်းပိုင်းမှာပဲ ပျက်ပြားခဲ့တာပါ။

ကြာသပတေးနေ့မှာတုန်းကလည်းပဲ မြောက်ကိုရီးယား အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်ကလည်း အခွင့်အလမ်းတွေ ဆိုတာဟာ ဘာမှ အဓိပ္ပာယ်မရှိတာတွေသာဖြစ်သလို ဆွေးနွေးပွဲတွေဟာလည်း နိဂုံးချုပ်သွားပြီဆိုပြီး ပြောခဲ့တာပါ။ ဆွေးနွေး ညှိနှိုင်းမှု တွေမှာ ပါဝင်တဲ့ အမေရိကန်နဲ့ ကျန်နိုင်ငံတွေက အခွင့်အလမ်းတွေ ကမ်းလှမ်းလိုတဲ့ ဆန္ဒရှိနေဆဲ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် က ပြောဆိုအပြီး သူက အဲဒီလို မှတ်ချက်ပေး ပြောဆိုလိုက်တာလည်း ဖြစ်ပါ တယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG