သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ဆန္ဒပြမှု ကမ္ဘာအနှံ့ဖြစ်ပွား


အီရန်နိုင်ငံ တီဟီရန်မြို့တော်မှာ စနေနေ့က ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေအကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ် လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ အရင်လက သမ္မတ ရွေးကောက်ပွဲကို အတိုက်အခံက ကန့်ကွက်မှုကို အစိုးရက ဖြိုခွင်းခဲ့လို့ မကျေနပ်ဘဲ ဆန္ဒပြကြသူထဲက တချို့ကို လုံခြုံရေးတွေက ရိုက်နှက်ခဲ့တယ်လို့ မျက်မြင်သက်သေ အများအပြား က ပြောပါတယ်။

ရွေးကောက်ပွဲနောက်ပိုင်း ဖြစ်ပွားတဲ့ အီရန်နိုင်ငံက ရွေးကောက်ပွဲနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှု - ဆိုတာကို ကန့်ကွက်တဲ့နေ့တနေ့ ဆိုပြီး ကမ္ဘာတဝှမ်း မြို့ပေါင်း ၈၀ လောက်မှာ စနေနေ့ကပဲ ဆန္ဒပြခဲ့ကြပါတယ်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အီရန်သူ Shirin Ebadi က သမ္မတ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ချကြဖို့ နယ်သာလန်နိုင်ငံ Amsterdam မြို့က ဆန္ဒပြသူတွေကို တိုက်တွန်းခဲ့ပါတယ်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) နဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) အဖွဲ့တွေက ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကို လန်ဒန်၊ ပါရီ၊ ဘာလင် နဲ့ အစ္စလာမ်မာဘတ် မြို့တွေမှာ ကျင်းပခဲ့ကြပါတယ်။

အီရန်နိုင်ငံမှာ ဇွန်လ ၁၂ ရက်နေ့က ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲတွေမှာ သမ္မတ မိုဟာမက် အမာဒနီဂျက် ပဲ အနိုင် ရအောင် မဲမသမာမှုတွေ လုပ်ဆောင်တယ် ဆိုပြီး အတိုက်အခံတွေက ပြောဆိုနေကြပါတယ်။ နိုင်ငံတဝှမ်း ဆန္ဒပြမှုတွေ လည်း အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG