သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီယားနဲ့ အီရန်အရေး လက်ရှိရပ်တည်ချက် မှန်ကန်ဟု နိုင်ငံခြားရေးဝန်ကြီး ခုခံပြော


မြောက်ကိုရီးယားနဲ့ အီရန်အရေးမှာ ညှိနှိုင်းအဖြေရှာရေးဟာ မှန်ကန်တဲ့ နည်းလမ်းဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဟီလာရီ ကလင်တန်က ပြောပြီး၊ သမ္မတ ဘားရက်ခ် အိုဘားမားရဲ့ နိုင်ငံခြားရေးမူအပေါ် ကာကွယ်ပြောဆိုခဲ့ပါတယ်။ နျူကလီးယား အစီအစဉ် ရပ်စဲရေးအတွက် မြောက်ကိုရီးယားအနေနဲ့ ၆နိုင်ငံပါဝင်တဲ့ နိုင်ငံစုံ ဆွေးနွေးပွဲ စားပွဲဆီကို ပြန်လာ သင့်တယ်လို့ အမေရိကန် NBCရုပ်သံနဲ့ မေးမြန်းခန်းမှာ ဝန်ကြီးကလင်တန်က ပြောခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ အစဉ်အဆက် မိတ်ဆွေနိုင်ငံတွေ ဖြစ်ကြတဲ့ မြန်မာနဲ့ တရုတ် အစိုးရတွေကတောင် မြောက်ကိုရီးယားအပေါ်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေအတိုင်း လိုက်နာ ဆောင်ရွက်ပါ့မယ်လို့ ကတိပြုထားပြီး မြောက်ကိုရီးယားမှာ မိတ်ဆွေ မကျန်တော့ဘူးလို့ မစ္စက် ကလင်တန်က ပြောပါတယ်။

အီရန်အရေးနဲ့ ပတ်သက်လို့လည်း အီရန် သမ္မတ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားစရာတွေ ရှိနေပေမဲ့ အမေရိကန် အနေနဲ့ အီရန်အစိုးရနဲ့ ဆွေးနွေးလိုတယ်လို့ ပြောပါတယ်။ အီရန်မှာ နျူကလီးယားလက်နက်ထုတ်လုပ်မှာကို အမေရိကန်က ဘယ်တော့မှ လက်မခံဘူးဆိုတာ အီရန်က သိထားသင့်ပြီးတော့ ဒီအစီအစဉ်ကို လုပ်ရင်လည်း အချည်းနှီးသာဖြစ်မယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်က ပြောပါတယ်။

အာဖဂန်နစ္စတန်ဆိုင်ရာ အမေရိကန် ဗျူဟာသစ်တွေကြောင့် တာလီဘန်တွေ အကြီးအကျယ်အကျပ်ရိုက်နေပြီလို့ ဟီလာရီ ကလင်တန်က တနင်္ဂနွေနေ့က ပြောပါတယ်။


ဆက်စပ်သတင်းများ ...

XS
SM
MD
LG