မက်ဆာချုးဆက်ပြည်နယ် ဟားဗတ်တက္ကသိုလ် ပါမောက္ခကို နေအိမ်မှာ မှားယွင်းဖမ်းဆီးခဲ့တဲ့ကိစ္စဟာ လူမျိုးရေးနဲ့ အသားအရောင်ခွဲခြားမှုကို အခြေခံပြီး ရဲက ဖမ်းဆီးခဲ့တာဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေတဲ့အချိန် သမ္မတအိုဘားမားရဲ့ ရဲအရာရှိကို ဝေဖန် ပြောကြားချက်ကြောင့်လည်း ဒီကိစ္စ ဟိုးလေးတကြော်ကြော် ဖြစ်ခဲ့ရပါတယ်။ သမ္မတဘက်က တောင်းပန်ဖို့လည်း မက်ဆာချုးဆက် ရဲသမဂ္ဂက တောင်းဆိုခဲ့ပါတယ်။ ဒီကိစ္စကို ပြေလည်အောင် သမ္မတအိုဘားမားက အဖမ်းခံရတဲ့ ပါမောက္ခ ဂိတ်စ်နဲ့ ဖမ်းဆီးခဲ့တဲ့ ရဲအရာရှိနှစ်ယောက်စလုံးကို အိမ်ဖြူတော်ကို ဖိတ်ကြားထားပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးနဲ့ မစုမြတ်မွန်တို့ ဆွေးနွေးတင်ပြထားပါတယ်။