Amnesty International ခေါ် လူ့အခွင့်အရေး အဖွဲ့ကြီးက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အမြင့်ဆုံး ဂုဏ်ပြုတဲ့အနေနဲ့ ယုံကြည်ချက်ဆိုင်ရာ ဂုဏ်ထူးဆောင် သံအမတ်ဆု (Ambassador of Conscience) ချီးမြှင့်လိုက်ပါတယ်။
အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့ (Dublin) မှာ U2 အဖွဲ့ရဲ့ ဂီတပဒေသာပွဲမှာ ကိုယ်တိုင်ကလည်း အဲဒီဆု ရရှိထားသူ အဆိုတော် ဘိုနို (Bono) က တရားဝင် ကြေညာပါတယ်။ အပြည့်အစုံ မစုမြတ်မွန်က ဆက်ပြီး တင်ပြထားပါတယ်။