သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀က်တုပ်ကွေး ဝေါဟာရအငြင်းပွားမှုနဲ့ ဗိုင်းရပ်ပျံနှံမှု


ဇူလှိုင် ၂၉၊ ၂၀၀၉။ ကမ္ဘာ့ကပ်ရောဂါ ဖြစ်လာတဲ့ A အမျိုးအစား H1N1 ဝက်တုပ်ကွေးဗိုင်းရပ်ပိုးနဲ့ ပတ်သက်လို့ ဝေါဟာရ အငြင်းပွားမှုတွေလည်း ရှိလာပါတယ်။ ဝက်တုပ်ကွေးလို့ ခေါ်ခြင်းအားဖြင့် ဝက်သားစားရာကနေ ဖြစ်လာနိုင်တဲ့ ရောဂါဆိုပြီး အမှတ်မှားစေနိုင်လို့ ဒီ အသုံးအနှုန်းကို ပြောင်းခေါ်သင့်တယ်လို့ ဆိုပါတယ်။ မြောက်အမေရိကန် တုပ်ကွေး မက်ဆီကို တုပ်ကွေး စသဖြင့် အကြံပြုကြပါတယ်။ အပြည်ပြည်ဆိုင်ရာကျန်းမာရေးအဖွဲ့ကြီးကတော့ Influenza A အမျိုးအစား H1N1 ဆိုပြီး ရေးပါတယ်။

လူအများကြားမှာတော့ Swine Flu ဝက်တုပ်ကွေးဆိုတာ အမည်ပေါက်ပြီးသားမို့ သတင်းမီဒီယာအများစုကတော့ Swine Flu ဝက်တုပ်ကွေးလို့ ဆက်သုံးပါတယ်။ ဝက်ကနေ ကူးစက်တဲ့ ရောဂါမဟုတ်ဘူး ဝက်သားစားလို့ မဟုတ်ဘူးဆိုတာတော့ အစကတည်းက မီဒီယာတွေမှာ ပြောထားဆိုထားကြပြီးသားပါ။ အနောက်နိုင်ငံတွေကတော့ Novel Virus ဆိုပြီး ဗိုင်းရပ် နံမည်သစ် ပေးလာပါတယ်။ မြန်မာနိုင်ငံတွင်း မီဒီယာတွေမှာတော့ ကမ္ဘာလူတုပ်ကွေး၊ အေတုပ်ကွေး စသဖြင့် သုံးကြပါတယ်။

ဒီအသုံးအနှုန်းဆိုင်ရာကိစ္စနဲ့ ဗိုင်းရပ် ပျံပွားမှုအကြောင်းကို အခု အပတ် ကျန်းမာရေးအစီအစဉ်မှာ ဆက်ဆွေးနွေးသွားပါတယ်။ အမေရိကန်ပြည်ထောင်စု Tennessee ပြည်နယ် အစိုးရ လူထုကျန်းမာရေးဌာနက Dr.မင်းမင်းစိုးနဲ့ မေးမြန်းထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG