သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကတိနဲ့အညီ အကျဉ်းသားတွေ လွှတ်ဖို့ အတွင်းရေးမှူးချုပ် စစ်အစိုးရကို တိုက်တွန်း


မြန်မာစစ်အစိုးရကိုယ်တိုင် လုံခြုံရေးကောင်စီကို ပြီးခဲ့တဲ့ ရက်ပိုင်းက တရားဝင် ပေးထားတဲ့ ကတိအတိုင်း နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်လို့ မျှော်လင့်တဲ့ အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ပြောပါတယ်။ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲဆိုထားတဲ့ အမှုကို လာမယ့် သောကြာနေ့မှာ တရားရုံးက စီရင်ချက်ချမယ်လို့ ကြေညာထားနဲ့ ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုသွားတာပါ။ စစ်အစိုးရဘက်က ကတိကဝတ်အတိုင်း လိုက်နာ ဆောင်ရွက်မယ်လို့ မျှော်လင့်တဲ့အကြောင်း သတင်းထောက်တွေကို ပြောဆိုသွားပါတယ်။

မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆက်ပြီး တရားစွဲဆိုနေတဲ့အပေါ် သူ့အနေနဲ့ စိုးရိမ်မိတဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုတွေကို ရုပ်သိမ်းပြီး ချက်ခြင်းလွှတ်ပေးဖို့ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း စစ်အစိုးရကို သူ ရှင်းရှင်းလင်းလင်း အကြောင်းကြားထားပြီး ဖြစ်တယ်လို့လည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ပြောပါတယ်။ ဒီတောင်းဆိုချက်ကို စစ်အစိုးရဘက်က လိုက်လျောလာအောင် သူ့ဘက်က ထပ်ပြီး တိုက်တွန်း တောင်းဆိုသွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံခရီးစဉ်က ပြန်လာခဲ့ကတည်းက မျက်ခြည်မပြတ် စောင့်ကြည့် နေတဲ့အကြောင်းလည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါ တယ်။

XS
SM
MD
LG