သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် ရွေးကောက်ပွဲအလွန် ဆန္ဒပြ သေဆုံးသူတွေအတွက် တီဟီရန်မှာ စုဝေး


အီရန်နိုင်ငံမှာ သမ္မတရွေးကောက်ပွဲ အလွန် ဆူပူ ဆန္ဒပြပွဲတွေအတွင်း သေဆုံးသူတွေအတွက် တီဟီရန်မြို့က သချုႋင်းတခုမှာ ကျင်းပနေတဲ့ အောက်မေ့ဘွယ် ဆုတောင်းပွဲ အခမ်းအနားကို တက်ရောက်နေတဲ့ အတိုက်အခံခေါင်းဆောင် မီယာ ဟူစိန် မူဆာဗီ (Mir Hossein Mousavi) ကို အဲဒီနေရာကနေ ထွက်သွားဖို့ သူ့ကားရှိရာကို အီရန် လုံထိန်းရဲတွေက အတင်းတွန်းထုတ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

အဲဒီအခါမှာ အောက်မေ့ဘွယ် အခမ်းအနား တက်ရောက်လာသူတချို့က မစ္စတာမူဆာဗီကို ထောက်ခံကြောင်း ကြွေးကြော်သံတွေနဲ့ သူ့ကားရှိရာကို ဝိုင်းအုံလာခဲ့ကြပါတယ်။ အစိုးရက မသွားဖို့ ပိတ်ပင်ထားတဲ့ကြားက အဲဒီ အောက်မေ့ဘွယ် အခမ်းအနားကို လူရာပေါင်းများစွာ တက်ရောက်ခဲ့ရာမှာ ရဲတွေက လူတော်တော်များများကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

ဒီကနေ့ ဆုတောင်းပွဲမှာ ရွေးကောက်ပွဲလွန် ဆူပူမှုအတွင်း အသတ်ခံခဲ့ရတဲ့ အီရန်အမျိုးသမီးလေး နီဒါ အာဂါ-ဆိုလ်တန် (Neda Agha-Soltan) ရဲ့ မိခင်ဖြစ်သူဟာလည်း သူ့သမီး သေဆုံးခဲ့တာ ရက်ပေါင်း ၄၀ ပြည့် အထိမ်းအမှတ်အဖြစ် တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲလွန် ကာလမှာပဲ နီဒါတယောက် ပစ်သတ်ခံခဲ့ရတဲ့ ပုံရိပ်တွေဟာ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားသူတွေအတွက် ကြွေးကြော်စရာတခု ဖြစ်ခဲ့တာပါ။ အစိုးရ သတင်းမီဒီယာတွေရဲ့ အဆိုအရ ဇွန်လ ၁၂ ရက် ရွေးကောက်ပွဲအလွန် ဆန္ဒပြမှုတွေအတွင်း လူ ၂၀ လောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG