သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အမှု စီရင်ချက်ချရက် ရွှေ့ဆိုင်း


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားတဲ့ အမှုအတွက် ဒီကနေ့ စီရင်ချက်ချဖို့ ချိန်းဆိုထားပေမယ့် တရားသူကြီးက ရုံးချိန်းထပ်ပေးပြီး စီရင်ချက်ချမယ့်ရက်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။ အမှုကိုဆုံးဖြတ်ဖို့ရာ ဥပဒေရေးရာ ပြဿနာတွေ ရှိနေသေးတယ်ဆိုပြီး တရားရုံးက အကြောင်းပြတယ်လို့ အကျိုးဆောင်ရှေ့နေကြီးတဦးက ပြောပါ တယ်။ အပြည့်အစုံကိုတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ကနေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထား ပါတယ်။

ဒီကနေ့မနက် ၁၀ နာရီမှာ စီရင်ချက်ချမယ် ဆိုပြီးတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်၊ အင်္ဂါနေ့မှာ တရားသူကြီးက ရုံးချိန်း ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီကနေ့မှာတော့ စီရင်ချက်မချဘဲ ရွှေ့ဆိုင်းခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းကပြောပါတယ်။

"ဒီကနေ့ အမိန့်မချဘူးခင်ဗျ။ ၁၁ ရက်နေ့ မနက် ၁၀ နာရီကို ရွှေ့ပါတယ်။ အကြောင်းပြချက်ကတော့ ဒီအမှုကို ဆုံးဖြတ်ဖို့ရာအတွက် ဥပဒေ ပြဿနာတွေ ရှိနေတယ်၊ အဲဒါတွေကို သုံးသပ်နေရလို့ ဆိုပြီးတော့ အကြောင်းပြပါတယ်"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG