သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အမှု တရားစီရင်မှုအပေါ် သုံးသပ်ချက်


နေအိမ်အကျယ်ချုပ် ဖမ်းဆီးထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တယ်ဆိုပြီး တရားစွဲဆိုခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက် (သောကြာနေ့) က စီရင်ချက်ချဖို့ ရှိခဲ့ပေမယ့် တရားရုံး တရားသူကြီး ဦးသောင်းညွှန့်က ဒီအမှုမှာ ဥပဒေပြဿနာတွေကို ပြန်လည်စဉ်းစားသုံးသပ်ဖို့ ရှိနေသေးတယ်လို့ အကြောင်းပြပြီး ရုံးချိန်းကို သြဂုတ်လ ၁၁ ရက်နေ့ထိ ရွှေဆိုင်းခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုထားတဲ့ စွဲချက်များဟာ ဥပဒေအကြောင်း နဲ့ မညီကြောင်း အစောပိုင်းတည်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နဲ့ ပြည်ပရောက် ဥပဒေပညာရှင်များက ထောက်ပြထားခဲ့ပေမယ့် အခုလို စီရင်ချက်ချချိန်မှ ဒီပြဿနာကို တရားရုံးက စဉ်းစားလာတာ ဖြစ်ပါတယ်။ ဒီ တရားစီရင်မှု ဥပဒေရေးရာ ဆုံးဖြတ်ချက်များကို ပိုမိုသိရှိနိုင်ဖို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ရှေ့ နေများကောင်စီ အထွေထွေ အတွင်းရေးမှုး ဦးအောင်ထူး ကို ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်မှာ သံသယနဲ့ဖမ်းချုပ်တာကလွဲရင် တရားစွဲဆိုနိုင်လောက်တဲ့ အချက်အလက် လုံးဝမရှိဘူး ... ဥပဒေရဲ့  အနှစ်သာရနဲ့ လုံးဝဆန့်ကျင်နေတဲ့ လုပ်ဆောင်ချက်တွေကို တွေ့ရတယ်"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG