သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း အကွီနို အတွက် ဝမ်းနည်းခြင်း ၁၀ ရက် သတ်မှတ်


ဖိလစ်ပိုင်နိုင်ငံမှာ လူထုကန့်ကွက်ဆန္ဒပြပွဲကြီးများနဲ့ အာဏာရှင်ကို ဖြုတ်ချတဲ့ ပြည်သူ့အာဏာ ခေါင်းဆောင် သမ္မတ ဟောင်း ကိုရာဇွန် အကွီနို (Corazon Aquino) ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်ကြေကွဲဖွယ်ရာ ၁၀ ရက်အဖြစ် သတ်မှတ် လိုက်ပါတယ်။ အမေရိကန်နိုင်ငံကို လောလောဆယ် ရောက်ရှိနေတဲ့ သမ္မတ ဂလိုရီယာ အရိုယို က ဖိလစ်ပိုင်နိုင်ငံ အန္တရာယ်ကြီး ကျရောက်နေတဲ့အချိန်မှာ တရားဥပဒေစိုးမိုးရေး ပြန်ဖြစ်အောင် လုပ်ဆောင်ပေးခဲ့သူအဖြစ် ကိုရာဇွန် အကွီနို ကို ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။

ကိုယ်တိုင်ကလည်း အထက်လွှတ်တော်အမတ် ဖြစ်တဲ့ သားဖြစ်သူက မိခင် ကိုရာဇွန် အသက် ၇၆ နှစ်အရွယ်မှာ အူမကြီး ကင်ဆာ ရောဂါကို တနှစ်ကျော် ခံစားခဲ့ရပြီးတဲ့နောက် နှလုံးခုန် ရပ်သွားပြီး စနေနေ့မနက်က ကွယ်လွန်သွားကြောင်း ကြေညာခဲ့တာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ကလည်း ဖိလစ်ပိုင်နိုင်ငံမှ ဆယ်စုနှစ်များစွာ အာဏာရှင် အုပ်စိုးမှု ကနေ ဒီမိုကရေစီ ပြန်လည်ရရှိအောင် စွမ်းဆောင်ခဲ့မှုနဲ့ ကိုရာဇွန် အကွီနို ကို ဂုဏ်ပြုလိုက်ပြီး သူ ကွယ်လွန် သွားတဲ့အတွက်
ဝမ်းနည်းကြောင်း မိသားစုဝင်များနဲ့ ဖိလစ်ပိုင် နိုင်ငံသားများထံကို ဝမ်းနည်းစကား အမှာပါးလိုက်ပါတယ်။

အနှစ် ၂၀ ကျော် ဖိလစ်ပိုင်နိုင်ငံကို အုပ်စိုးနေတဲ့ အာဏာရှင် ဖာဒီနန် မားကို့စ် (Ferdinand Marcos) ကို လူသန်းပေါင်း များစွာကို ဦးဆောင်ပြီး ကိုရာဇွန် အကွီနို က ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြပြီး တော်လှန်ဖြုတ်ချခဲ့တဲ့ ၁၉၈၆ ခုနှစ် ပြည်သူ့ အာဏာ လှုပ်ရှားမှုဟာ ကမ္ဘာတဝှမ်း အလားတူ အကြမ်းမဖက်တဲ့ လှုပ်ရှားမှုများကို အားကျ အတုယူစေခဲ့တယ်လို့ ဆိုပါ တယ်။

XS
SM
MD
LG