သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင် သမ္မတဟောင်း အကွီနို ရုပ်ကလာပ်ကို နိုင်ငံသားတွေ ဂါရဝပြု


ဒီနေ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်က အဝါရောင်တွေ ဝတ်ဆင်ထားကြတဲ့ ဖိလစ်ပိုင် ပြည်သူလူထု သိန်းပေါင်းများစွာဟာ သမ္မတဟောင်း ကွယ်လွန်သူ မစ္စစ် အာကွီနို (Corazon Aquino) ရဲ့ ရုပ်ကလာပ်သယ်ဆောင်ရာ လမ်းမတွေ တလျှောက်မှာ စီတန်း စောင့်ကြို ဂါရ၀ ပြုခဲ့ကြပါတယ်။

အဝါရောင်ပန်းတွေ ပတ်ပတ်လည်မှာ ခင်းကျင်းထားတဲ့ ရုပ်ကလာပ် အခေါင်း ပေါ်မှာ ဖိလစ်ပိုင် နိုင်ငံတော်အလံကို လွှမ်းခြုံထားပြီး ဒီရုပ်ကလာပ် တင်ဆောင် ထားတဲ့ ထရပ်ကားကြီးပေါ်ကို အဆောက်အဦးတွေပေါ်က ပြည်သူလူထုတွေက အဝါရောင် ပေါက်ပေါက်ဆုပ်တွေ ကျဲချ ဂုဏ်ပြုခဲ့ကြပါတယ်။

“ကျေးဇူးတင်ပါတယ် ကိုရီ အာကွီနိုရေ၊ နှုတ်ဆက်ပါတယ်” ဆိုတဲ့ စာတမ်းတွေ ကိုင်ဆောင်ထားကြတဲ့ ပြည်သူလူထုတွေဟာ ၁၉၈၀ ခုနှစ်တွေက ဖိလစ်ပိုင် ဒီမိုကရေစီရရှိရေး ရုန်းကန်လှုပ်ရှားမှု ကာလက သီချင်းတွေကို သီဆိုခဲ့ကြပါတယ်။

မစ္စအာကွီနိုရဲ့ ရုပ်ကလာပ်ကို သယ်ဆောင်ခဲ့ရာ လမ်းမကြီးတွေဟာ ၁၉၈၆ ခုနှစ်က အာဏာရှင်သမ္မတ ဖာဒီနန် မားကို့စ် (Ferdinand Marcos) ကို ဖြုတ်ချခဲ့တဲ့ ပြည်သူ့အင်အား (People Power) လှုပ်ရှားမှုကြီးအဖြစ် ဖိလစ်ပိုင်လူထု စီတန်းလှည့်လည် ဆန္ဒပြခဲ့ရာ လမ်းမကြီးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG