သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူ ကရင်အမျိုးသား မက်ဂ်ဆေးဆေးဆု ရရှိ


အာရှရဲ့ နိုဘယ်လ်ဆုဆိုပြီး ပြောစမှတ် ပြုနေကြတဲ့ ရေမွန် မက်ဂ်ဆေးဆေး (Ramon Magsaysay) ဆုကို ဒီနှစ် ၂၀၀၉ ခုနှစ်မှာ ပေးအပ် ချီးမြှင့်ခံရသူတွေထဲမှာ မြန်မာ့ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူ ကဆောဝါးလည်း ပါဝင်ကြောင်း ဖိလစ်ပိုင်အခြေစိုက် Ramon Magsaysay Award Foundation ရဲ့ Board အဖွဲ့က ဒီကနေ့ ကြေညာလိုက်ပါတယ်။

ကဆောဝါးဟာ မြန်မာပြည်တွင်း လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အသိပေး၊ ပညာပေး လုပ်ငန်းတွေ၊ လူ့အခွင့်အရေး အပြင် သဘာ၀ ပတ်ဝန်းကျင်နဲ့ ဒီမိုကရေစီရေးတို့အတွက် ခုခံကာကွယ်ရေး လုပ်ငန်းတွေကို အကြမ်းမဖက်တဲ့နည်းနဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့အတွက် အခုလို ဆုပေးအပ် ချီးမြှင့်ရတာလို့ ဆိုပါတယ်။

ကဆောဝါးဟာ Earth Rights International ခေါ် လူ့အခွင့်အရေးနဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေကို ဆောင်ရွက်တဲ့ အဖွဲ့တဖွဲ့ကိုလည်း စတင်တည်ထောင်သူ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက တခြား ဆုပေးအပ်ချီးမြှင့်ခြင်း ခံရသူကတော့ ၂၀၀၂ ခုနှစ်တုန်းက ပြည်သူ့ကျန်းမာရေး လုပ်ငန်းတွေကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေတဲ့ ထိုင်း-မြန်မာ နယ်စပ်က မယ်တော်ဆေးခန်းကို စတင်တည်ထောင်သူ ဒေါက်တာ စင်သီယာမောင် ဖြစ်ပါတယ်။

ဒီဆုကို ဖိလစ်ပိုင်နိုင်ငံရဲ့ တတိယမြောက် သမ္မတ ရေမွန် မက်ဂ်ဆေးဆေးရဲ့ ပြောင်မြောက်တဲ့ ခေါင်းဆောင်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ ၁၉၅၇ ခုနှစ်မှာ စတင်တည်ထောင် ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး အာရှတလွှားက ကိုယ်ကျိုးစွန့်ပြီး ပြည်သူ့ ကျန်းမာရေး၊ ဆင်းရဲမွဲတေမှု ပပျောက်ရေး၊ သဘာ၀ ပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေး ထိန်းသိမ်းရေး စတဲ့ အများကို အကျိုးပြုတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်သယ်ပိုးတဲ့ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတွေကို နှစ်စဉ် ဂုဏ်ပြု ချီးမြှင့်နေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG