သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန် မြောက်ကိုရီးယား ရောက်ရှိ


မြောက်ကိုရီးယားမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၂ နှစ် ကျခံနေရတဲ့ အမေရိကန် သတင်းထောက် ၂ ယောက် လွတ်မြောက်ရေး စေ့စပ်ပေးဖို့အတွက် အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန် (Bill Clinton) ပြုံယမ်းမြို့ကို ရောက်ရှိနေပါပြီ။

မြောက်ကိုရီးယားလွှတ်တော် ဒု-ဥက္ကဋ္ဌနဲ့ နျူကလီးယား စေ့စပ်ရေးမှူး ကင်မ်ကိုင်းဂွမ် (Kim Kye Gwan) တို့က မစ္စတာကလင်တန်ကို ပြုံယမ်းလေဆိပ်မှာ ခရီးဦးကြိုခဲ့ကြပြီး ကျောင်းသူလေးတယောက်က ပန်းစည်းဆက်နေတဲ့ပုံကို ရုပ်မြင်သံကြားက ထုတ်လွှင့်ပြသခဲ့ပါတယ်။

မစ္စတာကလင်တန်ရဲ့ မြောက်ကိုရီးယား ခရီးစဉ်နဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ရဲ့ ပြောခွင့်ရသူက အတည်ပြု ပြောဆိုပါတယ်။ အကျဉ်းကျခံ သတင်းထောက် ၂ ယောက် ချောချောမောမော ပြန်လွတ်လာဖို့အတွက် မစ္စတာကလင်တန်က သူ့ရဲ့ဆန္ဒအရ ကိုယ်တိုင်သွားပြီး စေ့စပ်တာဖြစ်တယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ထားပါတယ်။

အမေရိကန် သတင်းထောက် ၂ ယောက်ဖြစ်တဲ့ ယူနာ လီး (Euna Lee) နဲ့ လော်ရာ လင်း (Laura Ling) တို့ဟာ အမေရိကန် ဒု-သမ္မတဟောင်း မစ္စတာအယ်လ်ဂိုး (Mr. Al Gore) ပူးတွဲပိုင်ဆိုင်တဲ့ Current TV ရုပ်မြင်သံကြား သတင်းဌာနရဲ့ သတင်းထောက် ၂ ဦး ဖြစ်ပါတယ်။

သူတို့လွတ်မြောက်ရေး စေ့စပ်ညှိနှိုင်းဖို့အတွက် မစ္စတာဂိုးကို စေလွှတ်ဖို့ သမ္မတ အိုဘားမား (Obama) အစိုးရက ကနဦးက အဆိုပြုခဲ့ပေမယ့် မြောက်ကိုရီးယားဘက်က လက်မခံခဲ့ပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG