သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန် မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ တွေ့ဆုံ


မြောက်ကိုရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန် (Bill Clinton) ဟာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီးလ် (Kim Jong Il) နဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၂ နှစ် ကျခံနေရတဲ့ အမေရိကန် သတင်းထောက် ၂ ဦး လွတ်မြောက်ရေး စေ့စပ်ဆွေးနွေးဖို့အတွက် မစ္စတာကလင်တန် ပြုံယမ်းမြို့ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

မစ္စတာကလင်တန်က သမ္မတအိုဘားမား (Obama) ပါးလိုက်တဲ့ အမှာစကားကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီးလ်ကို ပြောပြခဲ့တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာနတွေက ဖော်ပြလိုက်ပါတယ်။ ဒါပေမဲ့ အိမ်ဖြူတော်ကတော့ ဒီသတင်းကို ဒီကနေ့ပဲ ငြင်းဆိုလိုက်ပါတယ်။

မစ္စတာကင်မ်ဂျုံအီးလ်က အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန်ကို ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံခဲ့ပြီး သူတို့ရဲ့ ထင်မြင်ချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် အပြန်အလှန် ပြောဆိုခဲ့ကြတယ်လို့ တောင်ကိုရီးယားနိုင်ငံမှာ ထုတ်ဝေတဲ့ ယွန်ဟပ် (Yonhap) သတင်းက ဖော်ပြလိုက်ပါတယ်။

မစ္စတာကလင်တန်ရဲ့ မြောက်ကိုရီးယား ခရီးစဉ်နဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ရဲ့ ပြောခွင့်ရသူက အတည်ပြု ပြောဆိုလိုက်ပါတယ်။

အကျဉ်းကျခံ သတင်းထောက် ၂ ယောက် ချောချောမောမော ပြန်လွတ်လာဖို့အတွက် မစ္စတာကလင်တန်ကိုယ်တိုင် သူ့ရဲ့ ဆန္ဒအရ သီးသန့်သွားပြီး စေ့စပ်နေတာ ဖြစ်တယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

အမေရိကန် သတင်းထောက် ၂ ယောက်ဖြစ်တဲ့ ယူနာ လီး (Euna Lee) နဲ့ လော်ရာ လင်း (Laura Ling) တို့ဟာ အမေရိကန် ဒု-သမ္မတဟောင်း အယ်လ်ဂိုး (Al Gore) ပူးတွဲပိုင်ဆိုင်တဲ့ Current TV ရုပ်မြင်သံကြား သတင်းဌာနရဲ့ သတင်းထောက်တွေ ဖြစ်ကြပါတယ်။ သူတို့လွတ်မြောက်ရေး စေ့စပ်ညှိနှိုင်းဖို့အတွက် မစ္စတာဂိုးကို စေလွှတ်ဖို့ သမ္မတအိုဘားမား အစိုးရက ကနဦးက အဆိုပြုခဲ့ပေမဲ့ မြောက်ကိုရီးယား နိုင်ငံဘက်က လက်မခံဘဲ ပယ်ချခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG