သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်အပေါ် စီရင်ချက်ချမယ့်အရေး ဘာကြောင့် ရက်ရွေ့ဆိုင်းလိုက်သလဲ


မြန်မာစစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ မနေ့က သောကြာနေ့ (ဇူလိုင်လ ၃၁ ရက်နေ့) တုန်းက စီရင်ချက် ချမှတ်လိမ့်မယ်ဆိုတဲ့ ရည်ရွယ်ချက်၊ ထင်ကြေးနဲ့ ဒီအစီအစဉ်ကို လုပ်ခဲ့တာပါ။ အခု စီရင်ချက်ကို မချပဲနဲ့ ရက်ရွေ့ဆိုင်းလိုက်တယ် ဆိုတာလဲ ဘာကြောင့် ရွေ့ဆိုင်းရသလဲ ဆိုတာကို ဆွေးနွေးနိုင်ဖို့အတွက် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးနဲ့ လယ်သမား အခွင့်အရေးတွေကို ဆောင်ရွက်ပေးနေတဲ့ လမ်းပြကြယ်အဖွဲ့က ရှေ့နေ ဦးအေးမြင့်၊ AHRC အာရှ လူ့အခွင့်အရေးအဖွဲ့က ရှေ့နေ ဦးမင်းလွင်ဦးတို့နဲ့ သောတရှင်တွေကို ဦးကျော်ဇံသာက တွေ့ဆုံ ပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG