သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှစီးပွားရေး နာလန်ထူမယ့် အရိပ်အယောင်မြင်နေရ


ကမ္ဘာတလွှား စီးပွားရေး ကျဆင်းမှုတွေနဲ့အတူ အာရှစီးပွားရေး ဖွံ့ဖြိုးမှုတွေဟာလည်း နှေးကွေးနေတယ် ဆိုပေမယ့် တိုးတက်ကြီးထွားလာနေတဲ့ အရှေ့အာရှ နိုင်ငံတချို့မှာတော့ ပြန်လည်နာလန်ထူလာတဲ့ လက္ခဏာတွေ တွေ့နေရပြီလို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ပြောပါတယ်။ ဒါပေမယ့်လည်း တခြားစီးပွားရေး အခြေအနေ အားမကောင်းသေးတဲ့ နိုင်ငံတွေ၊ အထူးသဖြင့်ကတော့ ပြည်ပပို့ကုန်တွေအပေါ် အားထားနေကြရတဲ့ နိုင်ငံတွေ အနေနဲ့ ဆက်လက် ရုန်းကန် သွားရလိမ့်ဦးမယ်လို့လည်း အာရှဖွံ့ဖြိုးရေးဘဏ် က ခန့်မှန်းပါတယ်။ မြန်မာနိုင်ငံအပါအဝင်ဖြစ်တဲ့ တက်သစ်စ အရှေ့အာရှနိုင်ငံတွေရဲ့ စီးပွားရေး အလားအလာတွေအပေါ် အာရှဖွံ့ဖြိုးရေးဘဏ် က ခန့်မှန်းသုံးသပ်ချက်တွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG