သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန်ခေါင်းဆောင် သေဆုံးကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ပြောဆို


ပါကစ္စတန်တောင်ပိုင်း လူမျိုးစုဒေသ Waziristan မှာ ဗုဒ္ဓဟူးနေ့က လေကြောင်းတိုက်ခိုက်မှု အတွင်း ပါကစ္စတန်လူမျိုး တာလီဘန်ခေါင်းဆောင် ဘိုင်တူလာ မာစု (Baitullah Mehsud) သေဆုံးခဲ့တယ်လို့ ထောက်လှမ်းရေး သတင်းတွေက အတည်ပြုပြောခဲ့တယ်လို့ ပါကစ္စတန် နိုင်ငံခြားရေး ၀န်ကြီး Shah Mehmood Qureshi က ပြောပါတယ်။

မစ္စတာ မာစု အမှန်တကယ် သေဆုံးခဲ့တာဟုတ်မဟုတ် ထပ်ပြီးအတည်ပြုဖို့ တောင်ပိုင်း ၀ါဇီရစ်စတန်ဒေသကို အစိုးရအရာရှိတွေ သွားရောက်မယ်လို့ အစ္စလာမ်မာဘတ် မြို့မှာ သောကြာနေ့က မစ္စတာ Qureshi က ပြောခဲ့တာပါ။ အမေရိကန်ကတိုက်တာလို့ သံသယရှိတဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားရာနေရာနဲ့ သိပ်မဝေးလှတဲ့ Nargusai ရွာမှာ မစ္စတာ Mehsud ကို မြှုပ်နှံခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ထောက်လှန်းရေးအရာရှိတွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်း မာစုရဲ့ ဒုတိယမြောက် ဇနီးနဲ့ သူ့ သက်တော်စောင့်တို့ပါ သေဆုံးခဲ့တယ်လို့ ပါကစ္စတန် အစိုးရ အရာရှိတွေက ပြောပါတယ်။

လူမျိုးစုဒေသမှာအခြေစိုက်တဲ့ တာလီဘန် လက်နက်ကိုင်တွေကလည်း မာစု သေဆုံးခဲ့တဲ့အကြောင်း သတင်းထောက်တွေကို အတည်ပြု ပြောခဲ့ပါတယ်။ တချို့ကတော့ တာလီဘန်ခေါင်းဆောင်ဟာ တိုက်ခိုက်မှုဖြစ်ပွားခဲ့ချိန်မှာ သူ့ ယောက္ခမ ရဲ့အိမ်မှာ ကျောက်ကပ်ရောဂါနဲ့ ဆေးဝါးကုသမှု ခံယူနေတာလို့ဆိုပါတယ်။

မာစုနေရာမှာ နောက်ထပ် ခေါင်းဆောင်တယောက် အစားထိုးဖို့အတွက် လူမျိုးစုဒေသမှာ သောကြာနေ့က တာလီဘန်ခေါင်းဆောင်တွေ စည်းဝေးခဲ့ကြတယ် ဆိုပြီး တာလီဘန် တပ်မှူးတွေက ယုံကြည်နေကြတယ်လို့လည်း ပါကစ္စတန် ထောက်လှမ်းရေးတွေက ဆိုပါတယ်။

မာစု ရဲ့ တာလီဘန်အဖွဲ့ဟာ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလက ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း Benazir Bhutto လုပ်ကြံ သတ်ဖြတ်ခံရတဲ့ကိစ္စ အပါအ၀င် ပါကစ္စတန်က အသေခံဗုံးခွဲ တိုက်ခိုက်မှုတွေကို လုပ်သူတွေလို့ စွပ်စွဲခံနေရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG