သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်းထန်တဲ့မုန်တိုင်း တရုတ်ကိုဦးတည်နေ


တိုင်ဖုန်း Marakot ဝင်ရောက် တိုက်ခတ်မှာကို တရုတ်နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းက လူတွေ အားတင်း စောင့်ဆိုင်းနေကြပါတယ်။ တိုင်ဝမ်ကျွန်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အဲဒီ တိုင်ဖုန်း Marakot ရဲ့ဒဏ်ကြောင့် လူပေါင်း ၆ ယောက် သေဆုံး၊ ဒါမှမဟုတ်လည်း ပျောက်ဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အရှေ့ဘက် ကမ်းရိုးတန်း ဒေသကလူပေါင်း ၅ သိန်းလောက်ကို နေရပ်ရွေ့ပြောင်းပေးခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။ ဒီဒေသအတွင်းက ကျောင်းတွေကို ပိတ်ထားလိုက်ပြီး လေကြောင်းလိုင်းတွေကိုလည်း ရပ်တန့်ထားပါတယ်။
ပြည်တွင်း ကုန်းပိုင်းဒေသကို မုန်တိုင်း ဝင်လာတာနဲ့အမျှ အင်အား လျော့ကျလာမယ်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။ မုန်တိုင်းဟာ တိုင်ဝမ်ကျွန်းကို သောကြာနေ့ညပိုင်းက ဝင်ရောက် တိုက်ခတ်ခဲ့တာပါ။ မုန်တိုင်းဒဏ်ကြောင့် အိမ်ခြေပေါင်း ၅ သိန်းကျော် လျှပ်စစ်မီးတွေ ပြတ်တောက်သွားခဲ့ပါတယ်။ စနေနေ့မှာ လမ်းပန်း ဆက်သွယ်ရေးတွေနဲ့ လေကြောင်း ပို့ဆောင်ရေး လုပ်ငန်းတွေ ရပ်တန့်သွားခဲ့ပါတယ်။ ဒီမုန်တိုင်းဒဏ်ကြောင့် ဒေါ်လာ သန်းပေါင်းများစွာနဲ့ ညီမျှတဲ့ စိုက်ပျိုးရေး သီးနှံတွေ ပျက်ဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

တိုင်ဝမ်ကျွန်းကို မုန်တိုင်းဝင် မတိုက်ခင် ဖိလစ်ပိုင်ကျွန်းကို ဝင်ရောက် တိုက်ခတ်ခဲ့တာဖြစ်ပြီး လူပေါင်း ၁၂ ယောက်လောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG