သုံးရလွယ်ကူစေသည့် Link များ

မြောက်အမေရိက ထိပ်သီးညီလာခံ မက်ဆီကိုနိုင်ငံမှာကျင်းပ


ဒီနေ့ မက်ဆီကိုနိုင်ငံမှာ မြောက်အမေရိက နိုင်ငံတွေက ခေါင်းဆောင်တွေရဲ့ ထိပ်သီးညီလာခံကို စတင်ကျင်းပပါတယ်။ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား ကနေဒါ ၀န်ကြီးချုပ် Stephen Harperနဲ့ မက်ဆီကိုနိုင်ငံ သမ္မတ Felipe Calderon တို့ရဲ့ ၂ရက်ကြာ အစည်းအဝေးကို မက်ဆီကိုနိုင်ငံ Guadalajaraမြို့မှာ ကျင်းပတာပါ။ ဒီအစည်းအဝေးမှာ စီးပွားရေး ပြန်လည် နလံထူလာရေးကိစ္စတွေကို ဆွေးနွေးကြမယ်လို့ ခန့်မှန်းထားတဲ့အပြင် မက်ဆီကို နိုင်ငံရဲ့ မူးယစ်ဆေးဝါးဂိုဏ်းတွေ အကြမ်းဖက်မှု ပိုတိုးလားတဲ့ ပြဿနာတွေကိုပါ ဆွေးနွေးဖို့ ရှိပါတယ်။ ကနေဒါနိုင်ငံဟာ အမေရိကန် နိုင်ငံရဲ့ နံပါတ်တစ် စီးပွားဖက် ဖြစ်သလို မက်ဆီကို နိုင်ငံကတော့ နံပါတ် ၃ အဆင့်မှာရှိပါတယ်။ အမေရိကန် နိုင်ငံက စီးပွားရေး ပြန်လည် ဦးမော့ နိုးထလာစေဖို့အတွက် ချမှတ်ခဲ့တဲ့ အမေရိကန်ဒေါ်လာ ၇၈၇ ဘီလီယံ သုံးစွဲတဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး အိမ်နီးချင်း ကနေဒါနဲ့ မက်ဆီကို ၂နိုင်ငံက ပြင်းပြင်းထန်ထန် ဝေဖန်တာပါ။ လွှတ်တော်က တခြား ခွင့်ပြုချက်တွေ ချထားတာ အပါအ၀င် ပြင်ဆင်မှု တွေ ပြုလုပ်ခဲ့ပေမဲ့ ဒီအစီအစဉ်ဟာ အမေရိကန်ထုတ် ပစ္စည်းတွေကိုသာ အဓိကအသုံးပြုတဲ့ လူထုလုပ်ငန်းတွေကို ပံ့ပိုးတဲ့ အစီအစဉ်မို့ ဒါဟာ ကနေဒါနဲ့ မက်ဆီကို နိုင်ငံတို့ရဲ့ စီးပွားရေးကို ထိခိုက်စေတယ်လို့ ဝေဖန်နေကြတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG