သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ပြည် အရှေ့ပိုင်း မုန်တိုင်းတိုက်


တရုတ်နိုင်ငံအရှေ့ ပိုင်းကို ဝင်တိုက်ခတ်သွားတဲ့ Morakot Typhoon မုန်တိုင်းကြောင့် ကျေးရွာပေါင်း ရာပေါင်းများစွာ ရေလွှမ်းခံခဲ့ ရပြီး နေအိမ်ပေါင်း နှစ်ထောင်လောက် ပျက်စီးသွားခဲ့ပါတယ်။ ကလေးငယ် တယောက်လည်း သေဆုံးခဲ့ပါတယ်။ ဂျာဂျန့် ပြည်နယ် ဝမ်ဂျို့ မြို့မှာ မုန်တိုင်းကြောင့် အိမ်ပြိုခဲ့စဉ်မှာ ၄ နှစ်သားအရွယ် ကလေးတယောက် သေဆုံးခဲ့တယ်လို့ တရုတ်အစိုးရ ရှင်ဟွာ သတင်းက ပြောပါတယ်။ တောင်ပိုင်း ဖူကျန့်ပြည်နယ်ဘက်ကို တနင်္ဂနွေနေ့ အစောပိုင်းက ဝင်ပြီး အထက်ဘက်ကို ရွေ့သွားတဲ့ Morakot Typhoon မုန်တိုင်းဝင်ခဲ့ ပြီးနောက် ဝမ်ဂျို့မြို့ မိုးရေချိန်ဟာ ၂၈ လက်မနီးပါးရှိတယ်လို့ ရှင်ဟွာသတင်းထဲမှာ ဖေါ်ပြထားပါတယ်။ ဖူကျန့် ပြည်နယ်မှာ နေအိမ်ပေါင်း ၄၅၀လောက် မုန်တိုင်းကြောင့် ပျက်စီးခဲ့ပြီး ဂျာဂျန့် ပြည်နယ်မှာလဲ အိမ်ပေါင်း ၁၈၀၀ ပြိုကျ ပျက်ဆီးခဲ့ပါတယ်။ တနာရီလေတိုက်နှုန်း ၇၅ မိုင် လောက်နဲ့ ဝင်ရောက်တဲ့ မုန်တိုင်းမလာခင်မှာ ဖူကျန့်နဲ့ ဂျာဂျန့် ပြည်နယ် နှစ်ခုက လူပေါင်း ၁ သန်းလောက်ကို ဘေးလွတ်ရာကို တရုတ် တာဝန်ရှိသူ တွေက ရွှေ့ပြောင်းပေးခဲ့ ပါတယ်။ မြောက်ပိုင်းကို ဆက်သွားမယ့် မုန်တိုင်းဟာ တဖြည်းဖြည်း အင်အား ပျော့သွားမယ်လို့ မိုးလေဝသ ခန့်မှန်းသူတွေက ပြောပါတယ်။ ထိုင်ဝမ်ကိုလည်း ဝင်တိုက်သွားတဲ့ Morakot Typhoon မုန်တိုင်းကြောင့် နှစ်ပေါင်း ၅၀ အတွင်း အဆိုးဆုံး ရေကြီးမှုဖြစ်ခဲ့ပါတယ်။ ထိုင်ဝမ်သတင်းဌာနရဲ့ သတင်းထုတ်ပြန်မှုအရ လူ ၇ ယောက် သေဆုံးပြီး ၄၆ ယောက် ပျောက်ဆုံး နေတယ်လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG